ပူတင်ရဲ့ အိန္ဒိယခရီစဉ်အတွင်း ရုရှား နဲ့ အိန္ဒိယ လက်နက်နည်းပညာတွေ ဖလှယ်ပြီး ပူးပေါင်းထုတ်လုပ်ဖို့ သဘောတူ
ယူကရိန်းစစ်ပွဲ စတင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရုရှားသမ္မတ ဗလာဒီမာပူတင် အိန္ဒိယနိုင်ငံကို ရောက်ရှိလာပါပြီ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ “ရုရှားရေနံ မဝယ်ဖို့” ပြင်းထန်တဲ့ ဖိအားတွေကြားကနေ ဝန်ကြီးချုပ်မိုဒီက ပူတင်ကို လေဆိပ်အထိ ကိုယ်တိုင်သွားရောက်ကြိုဆိုပြီး သံတမန်ရေးအရ အလေးထားမှုကို ပြသလိုက်ပါတယ်။
ဒီခရီးစဉ်ရဲ့ အဓိက အကြောင်းအရာကတော့ “ရေနံ” ပါ။ အိန္ဒိယဟာ ရုရှားရေနံကို အများဆုံးဝယ်ယူနေသူဖြစ်ပြီး ဒါဟာ ပူတင်ရဲ့ စစ်ပွဲကို ငွေကြေးထောက်ပံ့ရာ ရောက်တယ်ဆိုပြီး ထရမ့်အစိုးရက အိန္ဒိယကုန်ပစ္စည်းတွေကို အခွန် ၂၅% တိုးကောက်မယ်လို့ သတိပေးထားပါတယ်။
