အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း “ကာဂျီကီ” (Kajiki) ဗီယက်နမ် ကုန်းတွင်းပိုင်းကို စတင်ဝင်ရောက်နေ

CJ Platform
ဗီယက်နမ်မှာ နှစ်ပေါင်း ၄၀ အတွင်းအင်အားအပြင်းဆုံးဖြစ်လာမယ့် အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းဟာ ဒီည နေ ၄ နာရီ ဝန်းကျင်မှာ ဗီယက်နမ် ကုန်းတွင်းပိုင်းကို စတင်ဖြတ်ကျော် ဝင်ရောက်နေပြီဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံဟာ မုန်တိုင်းဝင်ရောက်ဖို့ နာရီပိုင်းအလိုမှာ လေဆိပ်တွေ၊ စာသင်ကျောင်းတွေကို ပိတ်ထားပြီး အကြီးအကျယ် လူရွှေ့ပြောင်းမှုတွေ ပြုလုပ်နေပါတယ်။ အာဏာပိုင်တွေက လူပေါင်း ၆ သိန်းနီးပါကို ရွှေ့ပြောင်းဖို့ အမိန့်ထုတ်ထားပြီး ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ်ငန်းတွေအတွက် စစ်သား ၁၆,၅၀၀ ကျော်နဲ့ ပြည်သူ့စစ်အင်အား တစ်သိန်းကျော်ကို အသင့်အနေအထား ပြင်ဆင်ထားပါတယ်။