စုတ်ပြဲပျက်စီးသွားတဲ့ ထိုင်းငွေစက္ကူတွေကို ဘယ်လို ပြန်လဲနိုင်လဲ

Author CJ Platform
Categories
Published on Jul 19, 2025

ပျက်စီးနေတဲ့ ထိုင်းဘဏ်ငွေစက္ကူတွေကို သူတို့ရဲ့ အခြေအနေပေါ်မူတည်ပြီး ဘဏ်တွေမှာ ငွေစက္ကူအသစ်နဲ့ လဲလှယ်နိုင်တယ်လို့ သိရပါတယ်။

အနည်းငယ် စုတ်ပြဲတာမျိုးလို သာမန်ပျက်စီးမှုရှိတဲ့ ငွေစက္ကူတွေကို ရောင်းဝယ်သူတွေက လက်ခံနိုင်ပေမဲ့၊ ပိုပြီး ဆိုးရွားစွာ ပျက်စီးနေတယ်ဆိုရင်တော့ ထိုင်းနိုင်ငံတော်ဘဏ်ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ တန်ဖိုးအပြည့် ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်းတန်ဖိုးနဲ့ လဲလှယ်နိုင်မှာဖြစ်တယ်။

ငွေစက္ကူရဲ့ ၆၀ ရာခိုင်နှုန်းထက်မနည်း ကျန်ရှိနေသေးရင် ပုံစံ ဖြည့်စွက်ဖို့ မလိုဘဲ တန်ဖိုးအပြည့် လဲလှယ်နိုင်ပါတယ်။

ထက်ဝက် စုတ်ပြဲနေတဲ့ ငွေစက္ကူတွေကတော့ တစ်ခြမ်းကို တန်ဖိုးထက်ဝက်နဲ့ လျှောက်လွှာ တင်ပြီး လဲလှယ်ရမှာ ဖြစ်ပါတယ်။

အမျိုးအစားတူ အစစ်အမှန်ဖြစ်ပေမဲ့ မတူညီတဲ့ ငွေစက္ကူစတွေကို ပေါင်းစပ်ပြီးတော့လည်း တန်ဖိုးအပြည့် လဲလှယ်ခွင့် ရှိပါတယ်။

မီးလောင်တာ၊ တိရစ္ဆာန်ကိုက်ဖြတ်ထားတာနဲ့ မှိုတက်တာလို ဆိုးရွားစွာ ပျက်စီးနေတဲ့ ငွေစက္ကူတွေအတွက်ကတော့ လျှောက်လွှာ တင်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။

ရဲစခန်းထောက်ခံချက်ပါ တင်ပြဖို့ လိုအပ်နိုင်ပြီး စိစစ်အတည်ပြုဖို့ ရက်ပေါင်း ၆၀ အထိ ကြာမြင့်နိုင်တယ်လို့ ဆိုပါတယ်။

ဒီငွေစက္ကူတွေကို အစိုးရချေးငွေဘဏ်ခွဲတွေ၊ ကူးသန်းရောင်းဝယ်ရေးဘဏ်တွေ ဒါမှမဟုတ် နေရာအမျိုးမျိုးမှာ လစဉ် ဖွင့်လှစ်တဲ့ ငွေစက္ကူဆေးခန်း (Banknote Clinic) တွေမှာ သွားရောက် လဲလှယ်နိုင်တယ်လို့ သိရပါတယ်။

 

Source – Bangkok

 

ဓာတ်ပုံ – Bangkok