လူ့ရုပ်အလောင်းကို သစ်ပင်မြေသြဇာအဖြစ် ပြောင်းလဲပေးတဲ့ ဈာပနပုံစံသစ်

Author CJ Platform
Categories
Published on Jul 18, 2025

အမေရိကန်အခြေစိုက် “Return Home” အမည်ရှိ startup ကုမ္ပဏီတစ်ခုဟာ လူ့ရုပ်အလောင်းတွေကို သစ်ပင်တွေအတွက် အဟာရဖြစ်စေဖို့ မြေသြဇာအဖြစ် ပြောင်းလဲပေးတဲ့ လူသားမြေဆွေးပြုလုပ်နည်းနဲ့ စျာပနလုပ်ငန်းကဏ္ဍကို ပြောင်းလဲလျက်ရှိပါတယ်။

 

ဒီလုပ်ငန်းစဉ်မှာ လူ့ရုပ်အလောင်းတွေကို မီးသဂြိုလ်တာ၊ ဆေးစိမ်တာတွေ မလုပ်ပဲ စိုထိုင်းဆ၊ အပူချိန်နဲ့ အဏုဇီဝသက်ရှိတွေကို သေချာတိုင်းတာအသုံးပြုပြီး ရုပ်အလောင်းကို ရက် ၃၀ အကြာထားကာ မြေဆီလွှာအဖြစ် ရောက်အောင် သဘာဝအတိုင်း ဆွေးမြေ့စေတာပါ။

 

မိသားစုဝင်တွေအနေနဲ့တော့ ရရှိလာတဲ့ မြေဆီလွှာကို အမှတ်တရသစ်ပင် စိုက်ပျိုးဖို့ ဒါမှမဟုတ် သစ်တောပြန်လည်ထူထောင်ရေးစီမံကိန်းတွေအတွက် လှူဒါန်းနိုင်ပါတယ်လို့ ဆိုပါတယ်။

 

သမားရိုးကျ မြေမြှုပ်ခြင်းနဲ့ မီးသင်္ဂြိုဟ်တာအစား ဒီရွေးချယ်စရာနည်းလမ်းသစ်က သဘာဝနဲ့ ညီညွတ်ရုံသာမက ပတ်ဝန်းကျင်ထိခိုက်မှုကိုပါ လျှော့ချပေးပါတယ်။

 

ဒီနည်းလမ်းက လူတွေ သေဆုံးသွားတဲ့အခါ သဘာဝရဲ့ သက်ရှိစက်ဝန်းနဲ့ ပြန်လည်ချိတ်ဆက်ပေးဖို့ ရည်ရွယ်ပြီး အဓိပ္ပာယ်ပြည့်ဝပြီးတော့ ကမ္ဘာမြေနဲ့ သဟဇာတဖြစ်တဲ့ နှုတ်ဆက်ခွဲခွာခြင်းကိုလည်း ပေးစွမ်းနိုင်တယ်လို့ ဆိုပါတယ်။

 

Source – The Nation Thailand

ဓာတ်ပုံ –  The Nation Thailand