ဘုန်းကြီးတွေကို မြှူဆွယ်ပြီး အတူအိပ်ကာ ညစ်ညမ်း Video တွေပို့ပြီး ငွေညှစ်တဲ့အမျိုးသမီး အဖမ်းခံရ

သက်တော်ကြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို ဖြားယောင်းသွေးဆောင်ပြီး သူတို့ရဲ့ ပုံရိပ်တွေကို ဖွင့်ချမယ်လို့ ခြိမ်းခြောက်ကာ ငွေညှစ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အသက် ၃၀ အရွယ် ဝီလဝန် အမ်ဆာဝပ် ဆိုသူ အမျိုးသမီးတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
ဒီအရှုပ်တော်ပုံကြောင့် ဘုန်းကြီးအနည်းဆုံး ၉ ပါးက ဓာတ်ပုံတွေ၊ ဗီဒီယိုတွေအပြင် ချစ်ကြိုက်ကြောင်း စာတိုတွေနဲ့ ငွေညှစ်ခံရပြီးနောက် လူဝတ်လဲခဲ့ရပါတယ်။
ဝီလဝန်က ငွေကြေးအကျိုးအမြတ်အတွက် ဘုန်းကြီးတွေကို ပစ်မှတ်ထားခဲ့တယ်လို့ စွပ်စွဲခံထားရပြီး သုံးနှစ်အတွင်း ဘတ်ငွေ သန်း ၃၈၅ ခန့် ရရှိခဲ့ပြီးတော့ အဲဒီငွေအများစုကို အွန်လိုင်းလောင်းကစားမှာ သုံးစွဲခဲ့ပါတယ်။
ဖြစ်ရပ်တစ်ခုမှာတော့ သူမက ကိုယ်ဝန်ရှိတယ်ဆိုပြီး အကြောင်းပြကာ ဘုန်းကြီးတစ်ပါးထံကနေ ဘတ် ၇ သန်းကျော် တောင်းဆိုခဲ့ပါတယ်။
သူမကို ဘန်ကောက်မြို့အနီးက နေအိမ်မှာ ဖမ်းဆီးခဲ့ပြီး ငွေညှစ်မှု၊ ငွေကြေးခဝါချမှုနဲ့ ခိုးရာပါပစ္စည်း လက်ခံမှုတွေနဲ့ စွဲချက်တင်ထားတယ်လို့ သိရပါတယ်။
ဒီအရှုပ်တော်ပုံဟာ ထိုင်းနိုင်ငံရဲ့ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းကို တုန်လှုပ်စေခဲ့ပြီး ဘုန်းကြီးတွေရဲ့ ကျင့်ဝတ်နဲ့ ဘုန်းကြီးကျောင်းတွေရဲ့ ဘဏ္ဍာရေးအပေါ် ပိုမိုတင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ဖို့ တောင်းဆိုမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။
အာဏာပိုင်တွေက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ဘုန်းကြီးတွေရဲ့ အကျင့်ပျက်မှုကို တိုင်ကြားဖို့ အရေးပေါ်ဖုန်းလိုင်းတစ်ခုကိုလည်း ဖွင့်လှစ်ထားပါတယ်။
Source – CNN
ဓာတ်ပုံ – ဘန်ကောက်ပိုစ့်