စပိန်မှာ အစွန်းရောက်တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွား

Author CJ Platform
Categories
Published on Jul 14, 2025

စပိန်နိုင်ငံ အရှေ့တောင်ပိုင်းက တောရီပါချေကိုမြို့မှာ ဇူလိုင်လ ၁၂ရက်နေ့ စနေညက အစွန်းရောက်လက်ယာယိမ်းအုပ်စုတွေ၊ ဒေသခံတွေနဲ့ မြောက်အာဖရိကက ပြောင်းရွှေ့နေထိုင်သူတွေအကြား အကြမ်းဖက်ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

 

အဲဒီပဋိပက္ခဟာ ဇူလိုင်လ ၉ ရက်နေ့က အမည်မသိအဖွဲ့တစ်ဖွဲ့က သက်ကြီးရွယ်အိုတစ်ဦးကို တိုက်ခိုက်ပြီးနောက်မှာ မော်ရိုကိုကနေ စပိန်ကို ပြောင်းရွှေ့နေထိုင်သူတွေနဲ့ ဒေသခံအစွန်းရောက်အဖွဲ့အစည်းတွေအကြားမှာ စတင်ဖြစ်ပွားခဲ့တာပါ။

 

အဲဒီရုန်းရင်းဆန်ခတ်မှုမှာ လူ ၅ ဦး ဒဏ်ရာရခဲ့ပြီး ၁ ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

 

လူမှုကွန်ရက်ပေါ်က ဗီဒီယိုတွေမှာတော့ နှစ်ဖက်စလုံးက အရာဝတ္ထုတွေနဲ့ အပြန်အလှန်ပစ်ပေါက်နေကြပြီး အစွန်းရောက်အဖွဲ့ဝင်တွေက သူတို့ရဲ့ အစွန်းရောက်သင်္ကေတတွေကို ပြသခဲ့သလို ရွှေ့ပြောင်းနေထိုင်သူအချို့ကလည်း မော်ရိုကိုနိုင်ငံအလံတွေ့ကို ဝှေ့ယမ်းခဲ့ကြတာကို တွေ့ရတယ်လို့ သိရပါတယ်။

 

စပိန်အစိုးရက အဲဒီအကြမ်းဖက်မှုကို ရှုတ်ချခဲ့ပြီး တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေကို ထပ်မံချထားခဲ့တယ်လို့ ဆိုပါတယ်။

 

တာဝန်ရှိသူတွေက အဲဒီတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးနေပြီး မုန်းတီးရေးစကားတွေ ပြောဆိုတာ၊ လှုံ့ဆော်တာတွေ မလုပ်ဖို့ သတိပေးထားတယ်လို့ သိရပါတယ်။

 

တောရီပါချေကိုမြို့ဟာ ရွှေ့ပြောင်းနေထိုင်သူ အများအပြားရှိတဲ့ မြို့တစ်မြို့ဖြစ်ပြီး အခုဖြစ်ရပ်က စပိန်မှာ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ပတ်သက်ပြီး ဖြစ်ပွားတဲ့ အပြင်းထန်ဆုံး ပဋိပက္ခတွေထဲက တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

 

လက်ရှိမှာ အခြေအနေတွေက ဆက်လက်တင်းမာဆဲဖြစ်နေတာကြောင့် နောက်ထပ် ဖမ်းဆီးမှုတွေ ပြုလုပ်သွားဖွယ်ရှိကြောင်း တာဝန်ရှိသူတွေက ပြောကြားထားတယ်လို့ သိရပါတယ်။

 

Source – CNN

 

ဓာတ်ပုံ – CNN