ပါကစ္စတန်မှာ အိမ်မွေးခြင်္သေ့က အမျိုးသမီးနဲ့ ကလေးတွေကို တိုက်ခိုက်လို့ ပိုင်ရှင်ကို ဖမ်းဆီး

Author CJ Platform
Categories
Published on Jul 08, 2025

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့မှာ အိမ်မွေးခြင်္သေ့တစ်ကောင်က လွတ်မြောက်ပြီး အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်နှစ်ဦးကို တိုက်ခိုက်ခဲ့တာကြောင့် ခြင်္သေ့ပိုင်ရှင်ကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ CNN သတင်းအရ သိရပါတယ်။

 

လာဟိုးမြို့ ဂျိုဟာတောင်းရပ်ကွက်အတွင်းရှိ အိမ်တစ်အိမ်ကနေ ခြင်္သေ့တစ်ကောင် ထွက်ပြေးလွတ်မြောက်ပြီးနောက် အသက် ၅ နှစ်နဲ့ ၇ နှစ်အရွယ် ကလေးနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာရသူတွေရဲ့ အခြေအနေကတော့ စိုးရိမ်စရာမရှိတော့ဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။

 

လုံခြုံရေးကင်မရာ မှတ်တမ်းတွေအရ ခြင်္သေ့က နံရံပေါ်ကနေ ခုန်ကျော်ပြီး အမျိုးသမီးတစ်ဦးကို တိုက်ခိုက်သွားချိန် ပတ်ဝန်းကျင်က လူတွေက ခြင်္သေ့ကို မောင်းထုတ်ကြတဲ့မြင်ကွင်းတွေပါ ပါဝင်ပါတယ်။

 

ပိုင်ရှင်တွေက ထွက်ပြေးသွားတဲ့ ခြင်္သေ့ကို ပြန်ဖမ်းနိုင်ခဲ့ပေမယ့် သူတို့က တိမ်းရှောင်နေခဲ့တာကြောင့် နောက်တစ်နေ့မှ အာဏာပိုင်တွေက ဖမ်းဆီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

အာဏာပိုင်များရဲ့ ပြောကြားချက်အရ ပိုင်ရှင်တွေဟာ အဲဒီခြင်္သေ့ကို လိုင်စင်မဲ့ တရားမဝင်မွေးမြူထားတဲ့အတွက် တောရိုင်းတိရစ္ဆာန်များဆိုင်ရာ အက်ဥပဒေကို ချိုးဖောက်တာဖြစ်ပြီး ထောင်ဒဏ် ၇ နှစ်အထိ ဒါမှမဟုတ် ငွေဒဏ်စီစဉ်ခံနိုင်တယ်လို့ ဆိုပါတယ်။

 

လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ ခြင်္သေ့ကို တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးဌာနဆီကို လွှဲပြောင်းထားပြီးပါပြီ။

 

တနင်္ဂနွေနေ့အထိ ပါကစ္စတန်ပြည်နယ်အစိုးရက တရားမဝင်တောရိုင်းတိရစ္ဆာန်မွေးမြူမှုနဲ့ ပတ်သက်ပြီး စစ်ဆေးဖမ်းဆီးမှုတွေ ဆောင်ရွက်နေဆဲဖြစ်ပြီး ခြင်္သေ့ ၁၈ ကောင်နဲ့ လူ ၅ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီးဖြစ်ပါတယ်။

 

Source – CNN

 

ဓာတ်ပုံ – BBC