ထရန့်ကို နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် နေတန်ယာဟုက အမည်စာရင်းတင်သွင်း

Author CJ Platform
Categories
Published on Jul 08, 2025

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဇူလိုင်လ ၇ ရက်၊ တနင်္လာနေ့မှာ အမေရိကန် အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့တဲ့ ဂါဇာအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲအတွင်း ဒေါ်နယ်ထရန့်ကို နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းကြောင်း ကြေညာခဲ့ပါတယ်။

 

အဲဒီအစည်းအဝေးမှာ နေတန်ယာဟုက အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအပေါ် ထရန့်ရဲ့ အခန်းကဏ္ဍကို ချီးကျူးပြီး “ခေါင်းဆောင်မှု ပြည့်စုံတယ်” ဟုလည်း ပြောကြားခဲ့ပါတယ်။

 

အစည်းအဝေးဟာ ပါလက်စတိုင်းပြည်သူ ၆၀,၀၀၀ ခန့် သေဆုံးခဲ့ရတဲ့ ဂါဇာစစ်ပွဲ ၂၁ လမြောက်အတွင်း ကျင်းပတာဖြစ်ပြီး၊ အစ္စရေးနဲ့ ဟားမတ်စ်အကြား သွယ်ဝိုက်ဆွေးနွေးမှုတွေကို ကာတာနိုင်ငံမှာ ပြန်လည်စတင်ခဲ့ပေမယ့်၊ ဟားမတ်စ်ကို ဂါဇာကနေ အပြီးတိုင် ဖယ်ရှားဖို့ တောင်းဆိုတဲ့ အစ္စရေးဘက်က တောင်းဆိုချက်ကြောင့် ဆွေးနွေးမှုတွေ မပြေလည်သေးဘူးလို့ သိရပါတယ်။

 

ထရန့်ကလည်း ဂါဇာအပစ်အခတ်ရပ်စဲရေးအတွက် မျှော်လင့်ကြောင်း ပြောကြားခဲ့ပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ မဖော်ပြခဲ့ပါဘူး။ သူက အီရန်ကို ထပ်မံတိုက်ခိုက်ဖို့ မရှိဘူးလို့ ပြောဆိုခဲ့သလို၊ ယူကရိန်းကို လက်နက်ထောက်ပံ့မှု တိုးမြှင့်ပေးမယ်လို့လည်း ထပ်မံပြောကြားခဲ့ပါတယ်။

 

ထရန့်နဲ့ နေတန်ယာဟုတို့က အရှေ့အလယ်ပိုင်းဒေသငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့ပြီး ထိုအခါမှာပဲ ထရန့်ကို နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းခဲ့တာပါ။

 

ပြီးခဲ့တဲ့လကလည်း ပါကစ္စတန်ဘက်က ထရန့်ကို နိုဘယ်ဆုအတွက် အမည်စာရင်းတင်သွင်းခဲ့ပေမယ့် ထရန့်က အီရန်ကို ဗုံးကြဲလိုက်တဲ့အတွက် ၂၄ နာရီအတွင်း ပြန်လည်ရုတ်သိမ်းခဲ့တယ်လို့လည်း သိရပါတယ်။

 

Source – The Guardian / Reuters

 

ဓာတ်ပုံ – Reuters