ဗီယက်နမ်နိုင်ငံမှာ အမျိုးသားတစ်ဦး လမ်းဘေးထိုင် အလေးစွန့်နေပုံ Google Map ရဲ့ Street View မှာ ပါဝင်လာ

ကမ္ဘာမှာ လူသုံးအများဆုံး လမ်းညွှန်ဆော့ဝဲလ်တစ်ခုဖြစ်တဲ့ Google Map ရဲ့ Street View မှာ ဗီယက်နမ်နိုင်ငံ Da Nang မြို့က ပုံရိပ်တွေကိုဖော်ပြချက်အတွင်း အမျိုးသားတစ်ဦး လမ်းဘေးထိုင်ပြီး အလေးစွန့်နေပုံတစ်ခုပါ ပါဝင်လာခဲ့တာကို ဗီယက်နမ်က လူမှုကွန်ရက် အသုံးပြုတွေအကြား ရယ်စရာတစ်ခုအဖြစ် ပြောဆိုနေကြပါတယ်။
Da Nang မြို့ရဲ့ တစ်နေရာမှာ အမျိုးသားတစ်ဦးဟာ သူစီးနင်းလာတဲ့ မော်တော်ဆိုင်ကယ်ကို လမ်းဘေးမှာ ရပ်တန့်ပြီး ကွန်ကရိရေထုတ်ပြွန်တွေအနီးမှာ အလေးစွန့်နေချိန် Google Map ရဲ့ ပုံရိပ်ရိုက်ကူးရေးယာဉ်က အမှတ်တမဲ့ ရိုက်ကူးခဲ့မိတာဖြစ်ပါတယ်။
Google Map ကလည်း ဒီမြင်ကွင်းကို ဖျက်ပေးတာ မြင်ကွင်းကိုဖျောက်ကွယ်ပေးတာ မရှိတာကြောင့် အမျိုးသားတစ်ဦး အလေးစွန့်နေတဲ့ပုံဟာ ကမ္ဘာ့အနှံ့က Google Map အသုံးပြုသူတွေအားလုံး မြင်တွေ့နေရတာပဲဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံက လူမှုကွန်ရက် အသုံးပြုသူတွေကတော့ ဒီမြင်ကွင်းကို ရယ်စရာတစ်ခုလို ပြောဆိုနေကြသလို Google Map ရဲ့ လူပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို စစ်ဆေး တင်ပြချက်တွေကို မေးခွန်းထုတ်မှုတွေလည်း ရှိနေခဲ့ပါတယ်။
X လူမှုကွန်ရက် အသုံးပြုသူ ဗီယက်နမ်အမျိုးသားတစ်ဦးကတော့ Google Mapဟာ အခုမြင်ကွင်းကို ဖြုတ်ချပြီး နစ်နာသူကို တောင်းပန်မှု လုပ်ဆောင်သင့်တယ်လို့လည်း ရေးသားထားခဲ့ပါတယ်။
ဓာတ်ပုံ – Google Map