တက္ကဆက်ပြည်နယ် ရေကြီးမှုအတွင်း အနည်းဆုံး ၈၂ ဦးသေဆုံးကာ ဒါဇင်နဲ့ချီ ပျောက်ဆုံးနေ

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်အလယ်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ပေါ်ကာ ကလေးငယ် ၂၈ ဦးအပါအဝင် အနည်းဆုံး ၈၂ ဦး သေဆုံးခဲ့ပါတယ်။
ကားခရိုင်မှာတော့ အဆိုးရွားဆုံး ထိခိုက်ခဲ့ရပြီး ပျော်ပွဲစားထွက်တဲ့အထဲက မိန်းကလေး ၁၀ ဦးနဲ့ အကြံပေးတစ်ဦးလည်း ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်ဂ် အက်ဘော့က နောက်ထပ် မိုးများနိုင်သေးတာမို့ ရေကြီးမှုအန္တရာယ်က ဆက်လက်ရှိနေဦးမှာ ဖြစ်တဲ့အတွက် ကားခရိုင်၊ ဟန့်မြို့က ဒေသခံတွေကို ဘေးလွတ်ရာ မြင့်မားတဲ့နေရာတွေကို ရွှေ့ပြောင်းကြဖို့ သတိပေး တိုက်တွန်းခဲ့ပါတယ်။
ဒီဘေးအန္တရာယ်ကြောင့် အရေးပေါ်အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားမှုအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာခဲ့တယ်။
ကားခရိုင်အနေနဲ့ ရေဘေးအချက်ပေးဥဩတွေ တပ်ဆင်ဖို့ အရင်က ဆွေးနွေးခဲ့ပေမယ့် တစ်ခါမှ တပ်ဆင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။
မိုးလေဝသဌာနကလည်း ဒေသခံတွေကို ထိထိရောက်ရောက် သတိပေးနိုင်စွမ်းနဲ့ပတ်သတ်ပြီးလည်း မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ပါတယ်။
Source – Reuters
ဓာတ်ပုံ – Reuters