ဆူရီနမ်နိုင်ငံမှာ ပထမဆုံးအမျိုးသမီးသမ္မတဖြစ်လာတဲ့ ဂျနီဖာ ဆိုင်မွန်စ်

Author CJ Platform
Categories
Published on Jul 07, 2025

ဂျနီဖာ ဆိုင်မွန်စ်ဟာ တောင်အမေရိကတိုက်ရဲ့ နိုင်ငံငယ်တစ်ခုဖြစ်တဲ့ ဆူရီနမ်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပါတယ်။

 

ဆရာဝန်တစ်ဦးလည်းဖြစ်ပြီး လွှတ်တော်ဥက္ကဌဟောင်းလည်းဖြစ်သူ အသက် ၇၁ နှစ်အရွယ် ဂျနီဖာ ဆိုင်မွန်စ်ဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ လွှတ်တော်မဲခွဲဆုံးဖြတ်မှုအပြီး ဆူရီနမ်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရပါတယ်။

 

သူမရဲ့ အမျိုးသားဒီမိုကရက်တစ်ပါတီက အမတ်နေရာ ၁၈ နေရာနဲ့ အနိုင်ရခဲ့ပြီး၊ လက်ရှိသမ္မတ ချန် ဆန်တိုခီရဲ့ တိုးတက်သော ပြုပြင်ပြောင်းလဲရေးပါတီက ရရှိတဲ့ အမတ်၁၇ နေရာကို အကြိတ်အနယ်ယှဉ်ပြိုင်မှုအပြီးမှာ အနိုင်ရခဲ့ခြင်း ဖြစ်ပါတယ်။

 

ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေး သဘောတူညီချက်အသစ်အရ ဆိုင်မွန်စ်ဟာ သမ္မတရာထူးရယူဖို့ လိုအပ်တဲ့ လွှတ်တော်ရဲ့ သုံးပုံနှစ်ပုံ ထောက်ခံမဲကို ရရှိခဲ့တာဖြစ်ပါတယ်။

 

သူမရဲ့ မိန့်ခွန်းမှာ ဆိုင်မွန်စ်က လူငယ်ဖွံ့ဖြိုးတိုးတက်ရေး၊ တန်းတူညီမျှရေးနဲ့ ဆူရီနမ်နိုင်ငံရဲ့ မျှော်မှန်းထားတဲ့ ရေနံဓနဥစ္စာတွေကို နိုင်ငံသားအားလုံး အကျိုးခံစားခွင့်ရှိစေရေးတို့အပေါ် အာရုံစိုက်လုပ်ဆောင်သွားမယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။

 

သူမဟာ ဆူရီနမ်နိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီးသမ္မတဖြစ်ပြီး သမိုင်းတလျှောက် တောင်အမေရိကတိုက်ရဲ့ ၇ ယောက်မြောက် အမျိုးသမီးသမ္မတလည်း ဖြစ်ပါတယ်။

 

Source – CNN

 

ဓာတ်ပုံ – CNN