ပေါ်တာဆွဲခံရပြီး စစ်သားဖြစ်လာသူ ၃ဦးကို ကယ်တင်ပြီး မိသားစုဆီ ပို့ဆောင်

စစ်ကောင်စီက ပေါ်တာဆွဲပြီး စစ်သားအဖြစ် အတင်းအဓမ္မ စစ်မှုထမ်းစေခဲ့သူ တပ်သား ၃ဦးကို Burma Revolution Rangers ကသွားရောက် ကယ်တင်ပြီး မိသားစုဆီ ပို့ဆောင်ပေးခဲ့တယ်လို့ ဒီကနေ့ ဇွန်လ ၂၆ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ကိုလှမျိုးထွန်း၊ ကိုချမ်းပြည့်အောင်၊ ကိုညိမ်းသူအောင်တို့ သုံးဦးဟာ ပေါ်တာဆွဲခံရပြီး စစ်သားဖြစ်ကာ စစ်ကောင်စီရဲ့ ပခုက္ကူမြို့ တပ်မ ၁၀၁ လက်အောက်ခံ ၂၅၁ တပ်ကို ပို့ဆောင်ခံရချိန်မှာ ထွက်ပြေးခဲ့ပြီးနောက် Burma Revolution Rangers ဆီ ဆက်သွယ်လာခဲ့တာပဲဖြစ်ပါတယ်။
စစ်ကောင်စီလက်အောက်က ထွက်ပြေးလာတဲ့ CDM တပ်သား ၃ဦးကို Burma Revolution Rangers က သွားရောက် ကယ်တင်ပေးခဲ့ပြီး မိသားစုဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Burma Revolution Rangers