စစ်ဘေးရှောင်တွေကို ထောက်ပံ့ဖို့နဲ့ စစ်မြေပြင်ကို ထောက်ကူဖို့ ရေဦးအနောက်ပိုင်းဇုန်ထောက်ပို့ရဲဘော်တွေ ကပြ အလှူခံ

Author CJ Platform
Categories
Published on Jun 24, 2025

ရေဦးနယ် အနောက်ပိုင်းဇုန် ထောက်ပို့ရဲဘော်တွေက စစ်ဘေးရှောင်တွေကို ကူညီဖို့နဲ့ စစ်မြေပြင်ကို ထောက်ကူဖို့အတွက် ပြည်သူတွေကို အဆိုအကတွေနဲ့ ဖျော်ဖြေပြီး အလှူခံနေကြတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ ဇွန်လ ၂၄ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။

 

ထောက်ပို့ရဲဘော်၊ရဲမေတွေဖြစ်တဲ့ ကိုစိုးကြီး၊ ကိုရွှေဥဒေါင်း၊ ကိုစိုးသူ၊ မအေးသူဇာနဲ့တို့အတူ ထောက်ပို့ရဲဘော်တွေက မြေပြင်ကွင်းဆင်းပြီး အလှူခံနေခဲ့တာ ရက်ပေါင်း ၂၀ ကျော်လာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

 

အလှူခံရတဲ့ ရည်ရွယ်ချက်ကတော့ မီးဘေးသင့် ပြည်သူတွေ၊ စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာကူညီပေးဖို့နဲ့ ရှေ့တန်းစစ်မျက်နှာမှာ တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးရဲဘော်တွေကို ကူညီထောက်ပို့ပေးဖို့ဖြစ်တယ်လို့ သိရပါတယ်။

 

အကြပ်အတည်းကြားကနေ ပြည်သူတွေ လှူဒါန်းပေးခဲ့ကြတဲ့ ဆန်၊ဆီ၊ဆား၊ကြက်သွန်တွေနဲ့ အလှူငွေအချို့ကိုလည်း လက်ခံရရှိထားပြီးဖြစ်သလို အလှူခံရရှိသမျှကိုလည်း ပြည်သူတွေဆီ ရှင်းလင်းပြသသွားမယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့