အာရှလမ်းအား KNLA ပူးပေါင်းတပ်ဖွဲ့ ပိတ်ဆို့ထားပြီး ကော့ကရိတ်မြို့အတွင်းသို့ ထိုးဖောက်တိုက်စစ်ဆင်နေ စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်များသို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများရှိ

Author လင်းခိုင်
Categories
Published on Oct 21, 2022

ကရင်ပြည်နယ်၊ အာရှလမ်းမအား KNLA ပူးပေါင်းတပ်ဖွဲ့က ပိတ်ဆို့ထားပြီး ကော့ကရိတ်မြို့အတွင်းသို့ ထိုးဖောက်တိုက်စစ်ဆင်နေကြောင်း ကျားဖြူတပ်ခွဲ (၂) တပ်ခွဲမှူး ကိုသူဇော်ကပြောသည်။

ကော့ကရိတ်မြို့တိုက်ပွဲဖြစ်ပွားမှုတွင် စစ်ကောင်စီသည် လေကြောင်း ပစ်ကူဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ရွာများကို ဗုံးကြဲ တိုက်ခိုက်ခဲ့သည့် အတွက် အရပ် သား ပြည်သူတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရှိခဲ့ခြင်းဖြစ်သည်။

“အာရှလမ်း ပတ်ပတ်လည်ကို ပူးပေါင်းတပ်ဖွဲ့ကပိတ်ပြီးတော့ မြို့ထဲကို၀င်နေတာ၊ မြ၀တီဘက်အခြမ်းမှာတော့ ခွေးတွေက ပိတ်ထားတယ်။ ကော့ကရိတ်ဂွင်မှာရှိတဲ့ အဖွဲ့တွေအကုန်ပူပေါင်းတိုက်ခိုက်နေတာ၊ ဒီနေ့မနက် ရှစ်နာရီကနေစပြီး တိုက်ပွဲဖြစ်ပွားပြီးတော့ ကိုးနာရီမှာ စစ်ကောင်စီ လေယာဉ်နဲ့မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲတိုက်ခိုက်တယ်”ဟု တပ်ခွဲမှူး ကိုသူဇော်က CJ Platform သို့ပြောကြားသည်။

ကော့ကရိတ်မြို့အတွင်းသို့ KNLA၊ KNDO၊ ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ ဒေါနစစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့မှ ထိုးဖောက်တိုက်စစ်နေခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ကော့ကရိတ်မြို့နယ်ရှိ အကျဉ်းထောင်ပေါက်သွားသည်ဟု သတင်းများထွက်ပေါ်နေပြီး CJ Platform အနေဖြင့် သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိသေးပေ။

စစ်ကောင်စီတပ်များသည် ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများကို လေကြောင်းတိုက် ခိုက်မှု ယနေ့ နံနက် ၉နာရီမှစတင်ဆောင်ရွက်နေပြီး နေ့လည် ၁၂နာရီအထိ ဂျက်လေယာဉ်ဖြင့် တိုက် ခိုက်မှု ၇ကြိမ်အထိဆောင်ရွက်ထားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“ လေယာဉ်နဲ့ပစ်လို့ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးသေတယ်။ ကလေးခြောက်ဦးအပါ ၁၆ဦးဒဏ် ရာ ရထားတယ်၊ စစ်ကောင်စီတပ်က လက်နက် ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတယ်”ဟု ဒေသခံတစ် ဦးက CJ Platform သို့ အတည်ပြုပြောကြားသည်။

လက်ရှိ စစ်ကောင်စီသည် မြ၀တီ-ကော့ကရိတ် အာရှလမ်းအား ပိတ်ထားပြီး မြဝမြို့မြောက်ဘက် ထို့ကော် ကိုလမ်းဘက် ပြန်သည့် ခရီးသည်များကိုလည်း မြ၀တီရဲတပ်ဖွဲ့က ပိတ်ဆို့ထားကာ အရေးပေါ်သွားလိုသူများအနေဖြင့် တယောက် ကျပ်ငါးသောင်းပေးပြီးသွားလာနေရကြောင်း ပြည်တွင်း သတင်းဌာနအချို့တွင် ဖော်ပြထားသည်။