သမ္မတထရန့်ရဲ့ အမိန့်သစ်ကြောင့် VOAနဲ့ RFA သတင်းဌာနတို့ လည်ပတ်မှု ရပ်တန့်နိုင်

Author CJ Platform
Categories
Published on Mar 16, 2025

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မတ်လ ၁၅ရက်နေ့မှာ ကမ္ဘာလုံးဆိုင်ရာ မီဒီယာ အေဂျင်စီ USAGM နဲ့ အခြား အစိုးရအေဂျင်စီ ၆ခုကို အရင်းအမြစ် အနည်းဆုံးနဲ့ပဲ လည်ပတ်ဖို့ အမိန့်ထုတ်ပြန်လိုက်တာကြောင့် USAGM ရဲ့ လက်အောက်မှာရှိတဲ့ VOAနဲ့ RFA သတင်းဌာနတွေဟာ လုပ်ငန်းလည်ပတ်မှုတွေ ရပ်တန့်သွားနိုင်တဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

 

ကမ္ဘာလုံးဆိုင်ရာ မီဒီယာ အေဂျင်စီ USAGM ၊ အလုပ်ရှင်၊ အလုပ်သမားအရေး ဖြေရှင်းဆောင်ရွက်ပေးရေးဌာန FMCS ၊ အိမ်ရာမဲ့များအတွက် ဌာန USICH၊ လူနည်းစု စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးဌာန MBDA၊ ပြတိုက်နှင့် စာကြည့် တိုက်များဌာန WWICS စတဲ့ အစိုးရ အေဂျင်စီတွေကို လုပ်ငန်းလည်ပတ်မှုတွေကို ပြန်သုံးသပ်ဖို့ နဲ့ ဝန်ထမ်းခန့်အပ်မှုအခြေအနေတွေကို ပြန်စိစစ်ဖို့ ညွှန်ကြားခဲ့တာပါ။

 

သမ္မတ ထရန့်ရဲ့ ညွှန်ကြားချက်အပြီး VOAနဲ့ RFA သတင်းဌာနက ဝန်ထမ်းတွေဆီကို ရုံးလာတက်စရာမလိုဘဲ ခွင့်ပေးကြောင်း Email တွေ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

 

VOA Burmese သတင်းဌာနကတော့ ထရန့်ရဲ့ ညွှန်ကြားချက် အပြီးမှာ မြန်မာပိုင်း တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်တွေကို ခေတ္တရပ်နားထားပြီး မကြာခင် ပြန်လည်ထုတ်လွှင့်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

 

RFA Burmese သတင်းဌာနကလည်း ထောက်ပံ့ငွေ ရပ်ဆိုင်းမှုအတွက် သူတို့ရဲ့ သတင်းလုပ်ငန်းတွေ ရပ်တန့်သွားနိုင်တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပြီး သမ္မတဒေါ်နယ်ထရန့်ရဲ့ အမိန့်စာကို ဥပဒေအကြောင်းအရ ရင်ဆိုင်ဖြေရှင်းဖို့ စီစဉ်နေတယ်လို့ ထုတ်ပြန်လာပါတယ်။

 

VOAနဲ့ RFA သတင်းဌာနတွေဟာ မြန်မာပြည်သူတွေအတွက် အားကိုးအားထားပြုရတဲ့ သတင်းဌာနတွေပဲဖြစ်ပါတယ်။

Related News

Depend on news