ရန်ကုန်မြို့က တော်လှန်သပိတ်
စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့မှာ တော်လှန်ရေးသပိတ်အင်အားစုတွေက ဒီကနေ့ မနက်ပိုင်းမှာ “ငုံ့မခံနဲ့တုံ့ပြန်၊အံတုတွန်းလှန် ဖက်ဆစ်ဒဏ်” ဆိုတဲ့ ဘန်နာကို ကားလမ်းမတစ်ခုမှ စိုက်ထူဆန္ဒပြခဲ့ကြပါတယ်။
လူထုလှုပ်ရှားမှုကို စမ်းချောင်းပင်မသပိတ်စစ်ကြောင်း၊ Yangon4Brothers ၊ Mayangone Democratic Front နှင့် Linn Yaung Ni Youth Organization တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“လက်ရှိပကတိအခြေအနေအတွင်း ရင်ဆိုင်နေရသည့်ရက်စက်ကြမ်းကြုတ်မှုများအား “ခေါင်းငုံ့ခံမနေဘဲ တော်လှန်ခြင်းနည်းလမ်းဖြင့် တုံ့ပြန်ကြပါရန်နှင့်၊အထွေထွေဖိနှိပ်ခံရမှုများအား အံ့တုတွန်းလှန်ရင်း ဖက်ဆစ်ကောင်မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်အာဏာသိမ်းစစ်တပ် အမြစ်ပြတ်သည်အထိ” ဆက်လက်တော်လှန်ကြပါ”လို့လည်း Yangon4Brothers အဖွဲ့က တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ – Yangon4Brothers