စစ်ကောင်စီအနေနဲ့ အမြန်ဆုံးရပ်တန့်ပြောင်းလဲရန် အာဏာသိမ်း လေးနှစ်ပြည့်မှာ ကမ္ဘာ့နိုင်ငံတွေတိုက်တွန်း
စစ်ကောင်စီအနေနဲ့ လက်ရှိလုပ်ရပ်တွေကို အမြန်ဆုံးရပ်တန့်ပြောင်းလဲဖို့ အာဏာသိမ်း လေးနှစ်ပြည့်ဖြစ်တဲ့ ဒီကနေ့ ဖေဖေါ်ဝါရီ ၁ရက်နေ့မှာ သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ကိုရီးယားသမ္မတနိုင်ငံ၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့က ပူးတွဲကြေညာချက် ထုတ်ပြန်ပြီး တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ တစ်ရက်ကို ပျမ်းမျှ ၃ ကြိမ်ထိ ရှိလာနေပြီး အရပ်သားပြည်သူတွေကို အသက်ဆုံးရှုံးစေကာ ကျောင်း၊စျေး၊ဝတ်ပြုရာနေရာတွေနဲ့ ဆေးရုံ၊ဆေးခန်းတွေကို ပျက်စီးစေခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် လူသားချင်းစာနာမူဆိုင်ရာ အကူညီလိုအပ်ချက်ဟာ အာဏာမသိမ်းမီကာလထက် အဆ ၂၀ ပိုမိုတိုးမြင့်လာခဲ့ပြီး နိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံဟာ အခြေခံအထောက်အပံ့တွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီအနေနဲ့ သူတို့ရဲ့ လုပ်ရပ်တွေကို အမြန်ဆုံးရပ်တန့်ပြောင်းလဲဖို့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး စစ်မှန်တဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ ကမ္ဘာ့နိုင်ငံတွေက တောင်းဆိုလိုက်တာပါ။
အာဆီယံဘုံသဘောတူညီချက် ၅ရပ်ကိုလည်း အားပေးထောက်ခံတယ်လို့ သူတို့ရဲ့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။