မြဝတီမှာ ဂတ်စ်အိုးများဖြင့် မိုင်းဆင်ထားသည့် ကားတစ်စီးတွေ့ရှိ

Author ခေတ်နီ
Categories
Published on Oct 18, 2022

ကရင်ပြည်နယ်၊ မြဝတီမြို့ တွင် ကားတစ်စီးပေါ်၌ ဂတ်စ်အိုးများအသုံးပြုကာ ဆင်ထားသည့်မိုင်းတစ် လုံးကို ယနေ့ နေ့လည်ပိုင်းမှာ တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

မြဝတီမြို့အမှတ်(၄)ရပ်ကွက် ဘုရင့်နောင်လမ်းမကြီး လင်းသီရိ super market ရှေ့တွင် ရပ်ထားသည့် ပါဂျဲရိုးအမျိုးစား အနီရောင်ကားပေါ်တွင် ဂတ်စ် အပြည့်ဖြည့်ထားသော ဂတ်စ်အိုး၄ လုံးအလည်မှာ လက်လုပ်မိုင်းတစ်လုံးထောင်ထားသိသည်ကို တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။

ထိုသို့ဗုံးတွေ့ရှိမှုကြောင့် အနီးအနားမှာရှိသည့် အထက ၁ ကျောင်းမှ ကလေးငယ်များကို ကျောင်းအနောက်ဖက်မှ ထွက်ခိုင်းကာ လမ်းအားခေတ္တပိတ် ဆို့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းမှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“မိုင်းက ဂတ်အိုးတွေအလယ်မှာဆင်ထားတာ ပေါက် ရင် အတော်အားပြင်းမယ့်ပုံပဲ အဲ့နားမှာကျောင်းရှိတယ် ကျောင်းလွှတ်ချိန်ကို ခွဲဖို့ထောင်တာထင်တယ်” ဟုမြဝတီမြို့ခံတစ်ဦးကဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့တွင်လည်း မြဝတီမြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အိမ်စီးကားတချို့နှင့် နေအိမ်တချို့ ပျက်ဆီးခဲ့သည်။