မူဆယ်မှာ မူးယစ်ဆေးနဲ့ သတ်ဖြတ်ခံရသူ ပိုင်ရှင်မဲ့ ၁၀ လောင်းတွေ့ရှိလို့ PSLF/TNLA ထုတ်ပြန်
ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ပိုင်ရှင်မဲ့ အလောင်း (၁၀)လောင်းတွေ့ရှိခဲ့တယ်လို့ PSLF/TNLA က ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
အဲဒီထဲ မူးယစ်ဆေးဝါးသုံးစွဲသူအများစုပါဝင်ပြီး တချို့ကတော့ သတ်ဖြတ်ထားခံရတဲ့ ရုပ်အလောင်းတွေ ဖြစ်တယ်လို့ PSLF/TNLA က ဆိုပါတယ်။
အလောင်း ကိုးလောင်းကို မူဆယ်မြို့ရှိ ရပ်ကွက်တွေအတွင်း တွေ့ခဲ့ပြီး ကျန်တစ်လောင်းကတော့ တရုတ်-မြန်မာနယ်စပ် ရွှေလီမြစ်ထဲကနေ တွေ့ရှိခဲ့ရတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာလည်း မူဆယ်မြို့မှာ ပိုင်ရှင်မဲ့အလောင်း ခုနစ်လောင်းတွေ့ရှိခဲ့ပါသေးတယ်။
တအာင်းတပ် TNLA ထိန်းချုပ်ဒေသတွေထဲမှာတော့ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၃၈ ဦးသေဆုံးခဲ့ပြီး ၇၀ ဦး ဒဏ်ရာရရှိကာ နေအိမ်အလုံး ၁၃၀ ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
တအာင်းတပ် TNLA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး နှစ်ကျော့အတွင်း ရှမ်းမြောက်နဲ့ မန္တလေးတိုင်းထဲက နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ သီပေါမြို့တို့အပါအဝင် မြို့ ၁၂ ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖော်ဆောင်နေပါတယ်။
ဓာတ်ပုံ – PSLF/TNLA
ပုံစာ – ထိုင်း-မြန်မာနယ်စပ် ရွှေလီမြစ်အတွင်းက ဆယ်ယူထားတဲ့ အလောင်းတစ်လောင်းကိုတွေ့မြင်ရစဉ်