ပြည်သူများ ညမထွက်ရအချိန်တွင် အင်္ဂပူမြို့နယ် မြို့မအထက်တန်းကျောင်း မီးလောင်၊ တစ်ကျောင်းလုံးနီးပါး ပြာကျ

Author အောင်နိုင်သူ
Categories
Published on Oct 16, 2022

ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် အမှတ် ၁ရပ်ကွက် ချယ်ရီမြောက်လမ်းနှင့် ကံ့ကော်လမ်းကြားရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ နံနက်အစောပိုင်းက မီးလောင်မှု့ဖြစ်ပွားခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။
အဆိုပါ အထက်တန်းကျောင်းတွင် ယနေ့ နံနက် ၂နာရီမှ စတင်ကာမီးလောင်ကျွမ်းခဲ့ပြီး တစ်နာရီခွဲကြာသည်အထိ မီးလောင်ကျွမ်းခဲ့တာဖြစ်သည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကို ပြောသည်။
“ဝါယာရှော့ဖြစ်တယ်လည်း ပြောတယ် ရှို့မီးလိူ့လည်းပြောတယ် ကျောင်းကတော့ အကုန်နီးပါးကုန်သွားတယ် ပြာဖြစ်မှပဲ မီးငြိမ်းသွားတာ”ဟု ပြောသည်။
အဆိုပါမီးလောင်မှုကို ဟင်္သာတခရိုင်မီးသတ်နှင့် အင်္ဂပူမြို့နယ်မီးသတ်မှ မီးသတ်ကား ၁၁ စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ ၃ နာရီခွဲမှ မီးငြိမ်းသတ်နိူင်ခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ အရာရှိတစ်ဦးက CJ Platform ကို ပြောသည်။
“မီးလောင်မှုအကြောင်းအရင်းကို စစ်ဆေးနေပါတယ် ဆုံးရှုံးမှု့တန်ဖိုးကို တွက်နေတုန်းပါ အခုလက်တလောတော့ ပြောလို့မရပါဘူး”ဟု ပြောသည်။
လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်များနှင့်ဌာနဆိုင်ရာများက အဆိုပါမီးလောင်မှု့နှင့်ပါတ်သတ်၍ အကြောင်းရင်းကို စုံစမ်းနေသည်ဟု ဒေသခံတွေဆီက သိရသည်။
ဓာတ်ပုံ-ဇော်မဟာ (Facebook)

Related News

Depend on news