ဝက်လက်မှာ စစ်တပ်က ဖျက်ဆီးခဲ့လို့ နေအိမ် ငါးလုံးပျက်စီး

Author ခေတ်နီ
Categories
Published on Oct 16, 2022

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်ဖွဲ့များက ဝင်ရောက်ဖျက်ဆီးမှုကြောင့် နေအိမ် ၅ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
ဝက်လက်မြို့နယ်အတွင်းရှိ ပိတောက်ခြုံရွာကို စစ်ကောင်စီတပ်များက ပြီးခဲ့သည့်အောက်တိုဘာလ ၁၄ နေ့တွင် ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်(၅)လုံးခန့် မီးလောင်ပျက်ဆီးသွားခဲ့တာပဲ ဖြစ်သည်။
အဆိုပါစစ်ကောင်စီတပ်ဟာ ယမန်နေ့မနက်ပိုင်းမှာလည်း ဆင်နင်းရွာကို သွားရောက်မီးရှို့ဖျက်ဆီးခဲ့ကြပြီး ပိတောက်ခြုံရွာအတွင်း ပြန်လည်ဝင်ရောက် တပ်စွဲနေခဲ့ကြောင်း သိရသည်။
ထို့အပြင် ယမန်နေ့ည ၇ နာရီခန့်မှာလဲ စစ်ကောင်စီတပ်များဟာ ဝက်လက်မြို့နယ်အတွင်းရှိ ဘုရားလေးကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ပျက်စီးဆုံးရုံးမှုအခြေအနေကိုတော့ မသိရှိရသေးပါဘူး။