ရန်ကုန်မှာ မိုးကြီးလို့ ရေကြီးရေလျှံဖြစ်နေပြန်

Author ကိုထက်
Categories
  • Photo News
Published on Jul 04, 2024

မိုးကြီးလျှင် ရေကြီးတတ်တဲ့ ရန်ကုန်မြို့ဟာ ဒီနေ့ ဇူလိုင် ၄ ရက် မနက်ပိုင်းမှာ မိုးသည်ထန်စွာရွာသွန်းလို့ မြို့နယ်တချို့မှာ ရေကြီးရေလျှံဖြစ်ပေါ်နေပါတယ်။

 

လမ်းမကြီးတွေအပါအဝင် ရပ်ကွက်အတွင်းလမ်းတွေနဲ့ နေအိမ်တွေထဲထိ ရေဝင်ရောက်နေတာကို တွေ့မြင်ရပါတယ်။

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း၊ တော်လှန်ရေးပန်းခြံအနီးပတ်ဝန်းကျင်နဲ့ သမိုင်းဘူတာဈေးအနီး ဒီနေ့ မနက်ပိုင်း ရေကြီးရေလျှံဖြစ်ပေါ်နေတဲ့ ပုံရိပ်တွေကို CJ Platform က ရရှိခဲ့ပါတယ်။

 

စစ်ကောင်စီလက်အောက်ခံ ရန်ကုန်စည်ပင်က ရေမြောင်းစနစ်တွင် ပြန်လည်ဖော်ဆောင်တာတွေ လုပ်နေပေမဲ့ နာရီပိုင်းကြာ မိုးသည်းထန်စွာရွာတိုင်း ရန်ကုန်မှာ ရေကြီးရေလျှံတာတွေ ကြုံနေရဆဲဖြစ်တယ်လို့ မြို့ခံများထံမှ သိရပါတယ်။

 

သတင်းနှင့် ဓာတ်ပုံ – ကိုထက်