ရွှေပြည်သာမြို့နယ်တွင် ဧည့်စာရင်းပေးနေသည့်အချိန် ဗုံးပေါက်၍ တစ်ဦးထိခိုက်ဒဏ်ရာရရှိ

Author အောင်နိူင်သူ
Categories
Published on Oct 05, 2022

ရွှေပြည်သာမြို့နယ် ၂၆ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

ညနေပိုင်း ဧည့်စာရင်းပေးနေသည့်အချိန် ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့တာဖြစ်သည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကို ပြောသည်။

“ဧည့်စာရင်းပေးတဲ့အချိန် ထပေါက်တာ ထွေအုပ်က စာရေးမ ဗုံးထိသွားတယ်လို့ ပြောတယ် ရုံးဘေးက လူနာတင်ယာဥ်တွေလဲ ထိတယ်ပြောတယ်”ဟု ရှင်းပြသည်။

ဧည့်စာရင်းတိုင်နေသည့် အချိန် ဗုံးပေါက်ကွဲခဲ့၍ ဧည့်စာရင်းတိုင်သူအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်သည်ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

“ကျနော်တော့ ကြားတာ ဧည့်စာရင်းလာတိုင်တဲ့ ကောင်မလေးထိတယ်လို့ ကြားတယ် နောက်တော့ သတင်းကြားတာ ထွေအုပ်ကလို့လည်း ကြားတယ်”ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူမှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး မည်သူမည်ဝါဖြစ်သည်ကို CJ Platform အနေဖြင့် သီးခြား အတည်ပြုနိူင်ခြင်းမရှိပေ။

လက်ရှိအခြေအနေတွင် ဗုံးပေါက်ကွဲမှု့ဖြစ်ရာ ပဒုမ္မာလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်က စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ရပ်ကွက်နေသူတွေထံမှ သိရသည်။

ရန်ကုန်တိုင်း လှိုင် ၊စမ်းချောင်း၊လှို င်သာယာနှင့် မြောက်ဥက္ကလာပမြို့နယ်များတွင် ပြီးခဲ့သည့်ရဖက်ပိုင်းအတွင်းကလည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။
ပုံစာညွှန်း -ရန်ကုန်တိုင်းအတွင်း ပစ်ခတ်မှုဖြစ်စဉ် ပုံအဟောင်း