ရန်ကုန်-ပြည် လျှပ်စစ်ရထား ပြေးဆွဲပေးမည်ဟု ဆိုကာ မင်းအောင်လှိုင်က လုပ်ငန်းရှင်တွေကို အခွန်ဆောင်ခိုင်း

Author အောင်နိူင်သူ
Categories
Published on Oct 05, 2022

ရန်ကုန်-ပြည် လျှပ်စစ်ရထားပြေးဆွဲပေးမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကြွားလုံးထုတ်ပြီးနောက် လုပ်ငန်းရှင်များကို အခွန်ပေးဆောင်ရန် ပြောဆိုခဲ့သည်ဟု လုပ်ငန်းရှင်များထံမှ သိရသည်။

နေပြည်တော်တွင် ပြီးခဲ့ရက်က ပြုလုပ်ခဲ့သည့် UMFCCI အသင်းဝင်များ အသေးစား ၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံသည့်ပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“သူက အခုနောက်ပိုင်း လျှစ်စစ်ကားတွေ ရထားတွေကိုအပြောများလာတယ် ရန်ကုန် နဲ့ပြည်ကို လျှပ်စစ်ရထားဆွဲပေးမယ်ပေါ့ ရထားလမ်းကိုအဆင့်မြင့်တယ်ပေါ့ အဲ့ဒါနဲ့စပြီး အခွန်ကောက်ခံတာ”ဟု CJ Platform ကိုပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်မှာ တစ်ဦးချင်းတွေ့ဆုံခြင်းထက် လုပ်ငန်းရှင်အားလုံးကို နေပြည်တော်သို့ ခေါ်ယူကာအခွန်ကောက်ခံတာဖြစ်သည်ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

“လုပ်ငန်းရှင်တွေက ကိုယ့်လုပ်ငန်းကို အစအဆုံးတင်ပြရတယ် ရင်းနှီးမြှပ်နှံမှုရဲ့ အခက်အခဲကို မသိပဲ အဆင်ပြေနေတဲ့ အချိန်ကိုကြည့်ပြီး အခွန်ဆောင်ခိုင်းတာ ပြောရရင် ဖိအားပေးတာပေါ့”ဟု ပြောသည်။

ရွှေစျေး ငွေစျေး ဒေါ်လာများကို ကျသွားပြီး အခြေခံစားသောက်ကုန်များ စျေးနှုန်းကျဆင်းခြင်းမရှိသောကြောင့် လက်ရှိတွင် ဝင်ငွေနှင့်ထွက်ငွေမမျှတမှုများကို အခြေခံပြည်သူများမှာ ခံစားနေရသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်တစ်ဦးက ပြောသည်။

“ကျန်တဲ့လေးလတာအတွက် စစ်တပ်မှာ ငွေမရှိတော့ဘူး ငွေမရှိရင် လေးလတာကို ကျော်ဖြတ်ဖို့မလွယ်ဘူး လက်တလော PDF က အားကောင်းနေတယ် စစ်တပ်က သူ့ကိုလှူမဲ့သူမရှိတော့ အလွယ်ဆုံးဖြစ်တဲ့ လုပ်ငန်းရှင်တွေခေါပြီး တောင်းတာ”ဟု ပြောသည်။

စစ်တပ်ဒေါက်တိုင်ဘဝမရောက်စေဖို့ စစ်ကောင်စီကိုအခွန် မဆောင်ကြရန် တော်လှန်ရေးအင်အားစုများကလည်း ပြည်သူများကို တိုက်တွန်းထားသည်။

လက်ရှိအခြေအနေတွင် အာဏာသိမ်းစစ်ခေါင်းဆောင်ပြောသည့် လျှပ်စစ်ရထားနှင့်ကားအတွက် အားသွင်းနိူင်ရန် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးများတွင် လျှပ်စစ်ကားများ အားသွင်းနိုင်မည့် Charging Station တည်
ဆောက်နိူင်ရန် စမ်းသပ်လုပ်ဆာင်နေရာ မီးမကြာခဏပျက်နေ၍ အစီအစဥ်ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ခေတ္တရပ်နားထားရသည်။