ထန်းကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးရှို့တဲ့စစ်ကြောင်းကို Sniper နဲ့ပစ်ခံရ စစ်ဗိုလ်တစ်ဦးသေ

Published on Mar 25, 2024

ပေါင်းတည်မြို့နယ် ထန်းကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် စစ်ကြောင်းဆက်ထိုးလာသည့် စစ်ကောင်စီစစ်ကြောင်း Sniperဖြင့် ပစ်ခံရပြီး ဗိုလ်တစ်ဦးသေဆုံးသွားကြောင်း  ၃၆၀၁ PPDF တပ်ရင်းထံမှ သိရသည်။

 

မတ် ၂၄ရက်နေ့ မနက် ၅နာရီခန့်တွင် သစ်ပုတ်တာဝါတိုင်အထိုင်စခန်းမှ အင်အား ၅၀ဖြင့် ထန်းကုန်းရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ကျေးရွာရှိ နေအိမ် ၂၅လုံးခန့်အား မီးရှို့ဖျက်ဆီးကာ စစ်ကြောင်းဆက်ထွက်လာသည့် ၆၆တပ်ရင်းမှ စစ်ကောင်စီတပ်သားများကို နံနက် ၉နာရီခန့်တွင် ၃၆၀၁ PPDFတပ်ရင်းမှ Sniper ဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

“တိုက်ပွဲမဖြစ်ဘဲ အကြောင်းမဲ့ မီးရှို့တာမလို့ စနိုက်ပါနဲ့ပစ်တာဆိုတော့ စစ်ဗိုလ်တစ်ဦးသေတာ မျက်မြင်တွေ့ခဲ့တာပေါ့” ဟု ၃၆၀၁ PPDFတပ်ရင်း ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားတာဝန်ခံ မှ CJ Platform သို့ ပြောသည်။

 

ထို့ပြင် မတ်လ ၁၄ ရက်နေ့ကလည်း ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ မကျီးစမ်းရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်ကို ၃၆၀၁ PPDF တပ်ရင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး သုံးဦးဒဏ်ရာ အပြင်းအထန်ရခဲ့သည်။

Related News

Depend on news