ပုဏ္ဏားကျွန်းရှိ သိမ်းပိုက်ရရှိထားသော စစ်စခန်းများနှင့် ဌာနဆိုင်ရာရုံးများတွင် AA အလံများလွှင့်ထူ (သတင်းတို)

Author လင်းနွေဦး
Categories
Published on Mar 09, 2024

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ရှိ သိမ်းပိုက်ရရှိထားသော စစ်ကောင်စီလက်အောက်ခံ တပ်စခန်းများနှင့် ဌာနဆိုင်ရာရုံးများတွင် ရက္ခိုင့်တပ်တော်(AA)အလံများစိုက်ထူထားပုံကို ယမန်နေ့ မတ်လ ၈ ရက်နေ့က ထုတ်ဖော်ပြသခဲ့သည်။

 

ဖေဖော်ဝါရီ ၂၂ ရက် နေ့ကတည်းက သိမ်းပိုက်နိုင်ခဲ့သည့် ပုဏ္ဏားကျွန်းမြို့မရဲစခန်းအပါအဝင် စစ်ဆင်ရေး ၁၃ ရက်ကြာမြင့်သည်အထိ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရသော ခမရ(၅၅၀)တပ်စခန်းကို မတ်လ ၄ ရက်နေ့တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

 

မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တောနှင့် မြေပုံမြို့နယ်တို့ကို AA အနေဖြင့် သိမ်းပိုက်ထားပြီးဖြစ်သည့်အတွက် ယခု ရခိုင်ပြည်ရှိ စစ်ကောင်စီလက်အောက်ခံရုံးများအခြေစိုက်ရာ စစ်တွေမြို့နှင့် မိုင် ၂၀ ခန့်သာ ကွာဝေးသော ပုဏ္ဏားကျွန်းမြို့ကိုဆက်လက်သိမ်းပိုက်လိုက်နိုင်သည့်အတွက် ရခိုင်ပြည်အတွင်း AA သိမ်းပိုက်နိုင်သည့် မြို့ခြောက်ခုအထိရှိလာခဲ့ပြီဖြစ်သည်။ ထို့ပြင် ချင်းပြည်နယ် ပလက်ဝမြို့ကိုလည်း ရက္ခိုင့်တပ်တော်က ထိန်းချုပ်ထားပြီးဖြစ်သည်။

 

ဓာတ်ပုံ – AA Info Desk

 

ပုံစာညွှန်း – ပုဏ္ဏားကျွန်းမြို့အတွင်း သိမ်းပိုက်ရရှိထားသည့် စစ်စခန်းများနှင့် ဌာနဆိုင်ရာရုံးများရှေ့တွင် တွေ့ရသည့် ရက္ခိုင့်တပ်တော်မှ စစ်သည်များ