လက်ပံတန်းမြို့တွင် စစ်ကောင်စီသတင်းပေးဟုဆိုသူ အမျိုးသားတစ်ဦး ပစ်ခတ်ခံရ

Author မင်းထက်
Categories
Published on Mar 01, 2024

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ် ထန်းပင်ချောင်ရွာတွင် စစ်ကောင်စီ သတင်းပေးဟုဆိုသူ အမျိုးသားတစ်ဦးကို သာယာဝတီဂဠုန်တပ်ဖွဲ့မှ ယနေ့ မတ်လ ၁ရက်နေ့ နံနက် ၁၁နာရီ ၁၅မိနစ်ခန့်တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ပစ်ခတ်ခံရသူမှာ ဦးဝင်းအောင်ဆိုသူဖြစ်ပြီး ကျေးရွာအတွင်းရှိ CDM ဝန်ထမ်းများအား ဖိအားပေးခြင်း၊ စစ်ကောင်စီတပ်ထံ PDF တပ်ဖွဲ့ဝင်များ၏ သတင်းပေးပို့ခြင်းများ လုပ်ဆောင်ခြင်းကြောင့် ရှင်းလင်းခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

 

“သူက တပ်ထောက်ခံပွဲတွေ လူစုပေးတယ်။ သူ့ရဲ့ သတင်းပေးမှုတွေကြောင့် လတ်တလော ဖမ်းဆီးခံရတဲ့ပြည်သူတွေတောင် လွတ်မလာသေးဘူး “ဟု သာယာဝတီဂဠုန်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး ကပြောသည်။

 

ပစ်ခတ်မှုဖြစ်စဉ်အပြီးတွင် ဦးဝင်းအောင်ထံမှ စစ်ကောင်စီတပ်သားများနှင့် ဆက်သွယ်ပြောကြားထားသော အချက်အလက်များ ပါဝင်သည့် ဖုန်းတစ်လုံးနှင့်အတူ ဆိုင်ကယ်တစ်စီးကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ဓာတ်ပုံ – သာယာဝတီဂဠုန်တပ်ဖွဲ့