ဟံသာဝတီဘူတာတွင် ဈေးသည်အမျိုးသမီးတစ်ဦး ရထားကြိတ်ခံရပြီး သေဆုံး

Author ကိုထက်
Categories
Published on Feb 28, 2024

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ ဟံသာဝတီဘူတာတွင် ယနေ့(ဖေဖော်ဝါရီလ ၂၈)ရက်က ဈေးသည်အမျိုးသမီးတစ်ဦး ရထားအကြိတ်ခံရ၍ သေဆုံးခဲ့ကြောင်း ဝန်းရံမှူးလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

 

၎င်းတွင် သားသမီးနှစ်ဦးကျန်ရှိခဲ့ကြောင်း အဆိုပါလူမှုကူညီမှုအသင်းမှ တာဝန်ရှိသူက ဆိုသည်။

 

“ဒီမနက်က သွားသယ်လိုက်ရတာ။ ဟံသာဝတီဘူတာနားမှာ အမျိုးသမီးတစ်ဦး ရထားကြိတ်ခံရတယ်ဆိုတဲ့ သတင်းရလာလို့။ သူကဈေးသည်လို့ပြောတယ်။ ကလေးနှစ်‌ယောက်ကို လမ်းတစ်ဖက်ခြမ်းကို အရင်ပို့ပြီး။ ဈေးဗန်းတွေသယ်ပြီး အကူးမှာကြိတ်မိတာ” ဟု ၎င်းက ပြောသည်။

 

ရန်ကုန်တွင် ပြီးခဲ့သည့်ရက်ပိုင်းက ပုဇွန်တောင်ဘူတာတွင် ရထားနှစ်ဆင်းတိုက်မိခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကလည်း သံလမ်းဘူတာတွင် ရထားအကြိတ်ခံရပြီး လူသေဆုံးခဲ့သည်။

 

ဓာတ်ပုံ – ဝန်းရံမှူးလူမှုကယ်ဆယ်ရေးအသင်း

Related News

Depend on news