မြန်မာ့သနပ်ခါး ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုစာရင်းမှာ ကနဦးပါဝင်လာ

Author CJ Platform
Categories
Published on Nov 05, 2026

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုစာရင်းမှာ ထည့်သွင်းဖို့ အကဲဖြတ်အဖွဲ့က ဆုံးဖြတ်ချက်မူကြမ်း တင်သွင်းထားတယ်လို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

 

အဲဒီဆုံးဖြတ်ချက်မူကြမ်းမှာ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ဟာ သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီမှုရှိတယ်လို့ အကဲဖြတ်အဖွဲ့က သုံးသပ်ထားပါတယ်။

 

သနပ်ခါးဟာ မြန်မာလူမျိုးတွေရဲ့ နေ့စဉ်ဘဝမှာ အရေးပါတဲ့ ယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်ပြီး စောင့်ရှောက်မှု၊ ဟန်ချက်ညီမှုနဲ့ စည်းလုံးညီညွတ်မှုတို့ကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ဘာသာရေးပွဲလမ်းသဘင်တွေနဲ့ လူမှုရေးလုပ်ငန်းတွေမှာလည်း သနပ်ခါးကို အသုံးပြုကြပြီး သနပ်ခါးနဲ့ပတ်သက်တဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုတွေကို မိသားစုအတွင်း မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာကြတာ ဖြစ်ပါတယ်။

 

သနပ်ခါးယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ သနပ်ခါးအသုံးပြုသူတွေ၊ စိုက်ပျိုးသူတွေ၊ ရောင်းချသူတွေနဲ့ ပညာရေးအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ပညာပေးအစီအစဉ်တွေ၊ ရပ်ရွာပွဲတော်တွေနဲ့ မီဒီယာတွေကတစ်ဆင့် ထိန်းသိမ်းစောင့်ရှောက်နေတယ်လို့လည်း ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

 

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ၂၀၂၀ ပြည့်နှစ် မတ်လကတည်းက မြန်မာနိုင်ငံရဲ့ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ ထည့်သွင်းထားပါတယ်။ ၂၀၂၅ ခုနှစ်မှာတော့ ယူနက်စကိုစာရင်းဝင်နိုင်ရေးအတွက် စတင်အဆိုပြုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။

 

လက်ရှိမှာ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကိုရဲ့ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ ထည့်သွင်းနိုင်ရေး လုပ်ငန်းစဉ်တွေ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

 

 

Related News

Depend on news