တရုတ်က ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ရွှေလီနယ်စပ်ကနေ ထပ်မံရောက်ရှိလာ

Author CJ Platform
Categories
Published on Mar 29, 2025

ငလျင်ဒဏ်ကို ဆိုးဝါးစွာ ကြုံတွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နိုင်ဖို့ တရုတ်နိုင်ငံ Blue Sky Rescue (ယူနန်) အဖွဲ့ဝင် ၁၆ ဦးဟာ မတ်လ ၂၉ရက်နေ့ မနက် ၉နာရီခွဲမှာ ယူနန်ပြည်နယ် ရွှေလီနယ်စပ်ကနေ ကုန်းလမ်းနဲ့ ထပ်မံလာရောက်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်လာပါတယ်။

 

Blue Sky Rescue အဖွဲ့ဟာ PPE အကာအကွယ်ပစ္စည်းတွေ၊ ဆေးဘက်ဆိုင်ရာ အရေးပေါ်အထုတ်တွေ၊ လျှပ်စစ်အားထုတ်လုပ်နိုင်ပြီး မီးပေးနိုင်တဲ့ ကရိယာတွေ၊ မြိုပြ ငလျင်ကယ်ဆယ်ရေးသုံး ကရိယာတွေကို ယူဆောင်ပြီး မြန်မာနိုင်ငံ မူဆယ်မြို့ကို ထွက်ခွာလာတာ ဖြစ်တယ်လို့ သိရပါတယ်။

အဖွဲ့ဝင် ၃၇ဦးပါဝင်တဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကယ်ဆယ်ရေး ဆေးကုသမှုအဖွဲ့ကလည်း ဒီကနေ့ မတ်လ ၂၉ရက်နေ့ မနက် ၆နာရီမှာ လေကြောင်းနဲ့ မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။

 

နှစ်ပေါင်း ၁၈၆နှစ်အတွင်း အဆိုးဝါးဆုံး ငလျင်ဘေးနဲ့ ကြုံတွေ့ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ လူသေဆုံးမှုတွေ အချိန်နဲ့အမျှ မြင့်တက်လာနေပြီး လူဦးရေ ရာချီသေဆုံးမှုတွေ ရှိနေတယ်လို့ သိရပေမဲ့ အတိအကျ စာရင်းကောက်ယူနိုင်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – တရုတ်သံရုံး