ငလျင်ကြောင့် ရန်ကုန်မှာ တစ်ရက် ၄ နာရီသာ မီးရမယ်

ရန်ကုန်မြို့မှာ တစ်ရက်ကို ၄နာရီသာ လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ဒီကနေ့ မတ်လ ၂၉ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်လာခဲ့ပါတယ်။
မြေငလျင်ဒဏ်ကြောင့် ဓာတ်အားပေးစက်ရုံတွေ၊ ခွဲရုံတွေနဲ့ ဓာတ်အားလိုင်းတွေရဲ့ ဓာတ်လွှတ်ပစ္စည်းတွေ ချို့ယွင်းပျက်စီးခဲ့တာကြောင့် ဓာတ်အားစနစ်ကနေ လျှပ်စစ်ဓာတ်အား ချိတ်ဆက်ပို့လွှတ်နိုင်ခြင်း မရှိတာကြောင့် Gas Turbine တွေကနေ တဆင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
လျှပ်စစ်ဓာတ်အားပေးချိန်ကို မနက် ၅နာရီက စတင်ပြီး အလှည့်ကျ စနစ်နဲ့ တစ်နေ့ကို ၄နာရီ ဖြန့်ဖြူးပေးပြီး အထပ်မြင့်တိုက်ခန်းတွေ ရေတင်နိုင်ရေးအတွက်သာ ရည်ရွယ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရန်ကုန်မြို့မှာ အလှည့်ကျစနစ်နဲ့ ၄နာရီလာ ၈နာရီပျက်စနစ်ကို တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ ပြီးဆုံးချိန်ကတည်းက စတင်ခဲ့ပြီး လက်ရှိငလျင်ဒဏ်ကြောင့် လျှပ်စစ်ဓာတ်အားပေးချိန်တွေ ထပ်မံလျော့ကျသွားတာပဲဖြစ်ပါတယ်။
ဓာတ်ပုံ – ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း