World Press Photo ဆုကို မြန်မာသတင်းဓာတ်ပုံဆရာ ကိုရဲအောင်သူ ရရှိ

Author CJ Platform
Categories
Published on Mar 28, 2025

သတင်းဓာတ်ပုံဆုတွေထဲက ဂုဏ်သိက္ခကြီးမားတဲ့ World Press Photo ဆုကို မြန်မာသတင်းဓာတ်ပုံဆရာ ကိုရဲအောင်သူက A Nation in Conflict ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆုရရှိခဲ့ပါတယ်။

 

World Press Photo ရဲ့ ၂၀၂၅ခုနှစ် သတင်းဓာတ်ပုံ ဆုရရှိသူတွေရဲ့ စာရင်းကို မတ်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာရာမှာ ကိုရဲအောင်သူက ဆွတ်ခူးရရှိခဲ့တာပါ။

ကိုရဲအောင်သူဟာ ကရင်နီပြည် ဖားဆောင်းအခြေစိုက် စစ်ကောင်စီစခန်းတစ်ခုကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ဖို့ တောတွင်းတစ်နေရာမှာ စုစည်းနေကြပုံတွေ အပါအဝင် ပုံပေါင်းများစွာ ရိုက်ကူးခဲ့ပါတယ်။

 

AFP သတင်းဌာနမှာ ဆယ်စုနှစ်တစ်ခုနီးပါး လုပ်ကိုင်ခဲ့တဲ့ ကိုရဲအောင်သူဟာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အလုပ်ကနေ ထွက်ခွာခဲ့ပြီး တော်လှန်ရေးအင်အားစုတွေ စိုးမိုးတဲ့ ဒေသတွေမှာ သတင်းပညာသင်တန်းတွေကို သင်ကြားပေးနေကာ စစ်မြေပြင် သတင်းဓာတ်ပုံဆရာအဖြစ် လုပ်ဆောင်နေသူလဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ- Ye Aung Thu – World Press Photo