“ဒီတစ်ပတ် စက်သုံးဆီအခြေအနေ” (နိုဝင်ဘာလ ၁၈ ရက်ကနေ ၂၃ ရက်နေ့အထိ)

Author အကြင်နာ
Categories
Published on Nov 24, 2024

“သုံးပတ်ဆက် ကျဆင်းတဲ့ စက်သုံးဆီဈေး”

 

နိုဝင်ဘာ ပထမပတ်အတွင်း ဒီဇယ်ဈေးတွေ တက်ခဲ့တာရှိပေမဲ့ ကျန်နှစ်ပတ်လုံး ဆက်တိုက်ကျဆင်းပါတယ်။ အောက်တိန်းဆီဈေးနှုန်းတွေကတော့ သုံးပတ်ဆက်ကျဆင်းခဲ့တာ တွေ့ရပါတယ်။

 

ပြီးခဲ့တဲ့အပတ်တုန်းက စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၃၅ သန်းရောင်းပေးမယ်လို့ ဆိုခဲ့သလို ဒီတစ်ပတ် နိုဝင်ဘာ ၂၁ ရက် ကြာသပတေးနေ့မှာလည်း သွင်းကုန်လုပ်ငန်းရှင်တွေကို ထိုင်းဘတ် သန်း ၅၀ ရောင်းချပေးမယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ကြေညာခဲ့ပါတယ်။

 

အဲဒီနောက် အရင်ပတ်ကလို သောကြာနေ့မှာပဲ အောက်တိန်းဈေးနှုန်းတွေ တစ်လီတာကို ၅၀ နဲ့ ၅၅ ကျပ်စီ ထပ်မံကျဆင်းခဲ့ပြီး ဒီဇယ်ဈေးနှုန်းတွေကတော့ တစ်လီတာ ၄၅ ကျပ်နဲ့ ၅၅ ကျပ်စီ အသီးသီးကျဆင်းခဲ့တာတွေ့ရပါတယ်။

 

နိုဝင်ဘာ ၂၃ ရက်၊ စနေနေ့ ရန်ကုန်မြို့က စက်သုံးဆီဆိုင်ကြီးတွေမှာ ရိုးရိုးဒီဇယ်တစ်လီတာ ၂၆၂၀ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၃၂၅၅ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၂၉၅၅ ကျပ်နဲ့ အောက်တိန်း 95 တစ်လီတာ ၃၁၅၀ ကျပ်ဈေးရှိနေပါတယ်။

 

ဒီလို ရန်ကုန်မြို့မှာ စက်သုံးဆီဈေးနှုန်းတွေကျဆင်းလာပေမဲ့ စစ်ကိုင်း၊ မကွေး၊ ရှမ်းမြောက်နဲ့ ချင်းပြည်တို့ရှိ မြို့ ၄၂ ခုက စက်သုံးဆီဆိုင်တွေကို ခွဲတမ်းမချပေးတော့ဘူးဆိုတဲ့ လုပ်ငန်းရှင်တွေဆီ စစ်ကောင်စီက ပေးပို့ထားတဲ့စာကြောင့် အဲဒီမှာ ဈေးနှုန်းတွေကမောက်ကမဖြစ်နေပြီး အရောင်းရပ်ဆိုင်းထားကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

Source – Myanmar Market Price

 

Related News

Depend on news