ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် နောက်လထဲမှာ CI စင်တာ ဖွင့်လှစ်သွားမယ်

Author အဂ္ဂ
Categories
Published on Oct 24, 2024

ထိုင်းနိုင်ငံတွင်းက အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးတော့မယ့် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အထောက်အထား လုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့ ဆမွတ်စခွန်မြို့မှာ သက်သေခံလက်မှတ် (Certificate of Identity – CI) CI စင်တာတစ်ခု လာမယ့်လထဲ စတင်ဖွင့်လှစ်တော့မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး ဖီဖတ် ရတ်ချချစ်ကစ်ပရာကန်က ပြောဆိုခဲ့ပါတယ်။

 

တနင်္လာနေ့ အောက်တိုဘာ ၂၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲရေး အမျိုးသားကော်မတီ အစည်းအဝေးပြီးနောက် ဒီကြေညာချက်ကို ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

 

မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို နဲ့ ဗီယက်နမ်က အလုပ်သမားတွေအတွက် ခရီးသွားစာရွက်စာတမ်းတွေ ထုတ်ပေးသွားမှာဖြစ်ပြီး ဧပြီလအထိ ဆောင်ရွက်ပေးသွားမယ်လို့ အလုပ်အကိုင်ဌာန ညွှန်ကြားရေးမှူး စွမ်ချိုင်း မိုရာကော့ဆရီဝမ်က ပြောပါတယ်။

 

လိုအပ်ချက်များလာရင် နောက်ထပ်စင်တာတွေ ထပ်ဖွင့်ဖို့လည်း စဉ်းစားနေပြီး နိုင်ငံခြားသား အလုပ်သမားတွေ စနစ်တကျ မှတ်ပုံတင်နိုင်ဖို့ အလုပ်ရှင်တွေကို တိုက်တွန်းထားတယ်လို့လည်း ဆိုပါတယ်။

 

အလုပ်သမားတွေ ပုံမှန်လမ်းကြောင်းကနေ အလုပ်လုပ်ကိုင်နိုင်ဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ မထိခိုက်စေဖို့အတွက် အလုပ်လုပ်ခွင့်သက်တမ်းကို ၂ နှစ်အထိ တိုးမြှင့်ပေးဖို့လည်း အဆိုပြုထားတယ်လို့လည်း သိရပါတယ်။

 

အလုပ်သမားတွေရဲ့ အချက်အလက်တွေ မှန်ကန်ပြည့်စုံဖို့ အရေးကြီးတဲ့အတွက် အလုပ်ရှင်တွေအနေနဲ့ သတ်မှတ်ရက်အတွင်း အလုပ်သမားတွေရဲ့ စာရွက်စာတမ်းတွေကို အမြန်ဆုံး သက်တမ်းတိုးဆောင်ရွက်ဖို့ တာဝန်ရှိသူတွေက မှာကြားထားပါတယ်။

 

ဓာတ်ပုံ – The Nation Thailand

 

ကိုးကား – Bangkok Post

 

Related News

Depend on news