တရုတ်နှစ်သစ်ကူးအကြို ရန်ကုန်မြို့ တရုတ်တန်းက မြင်ကွင်းများ
ဒီနှစ် ၂၀၂၅၊ ဇန်နဝါရီလ ၂၉ ရက်နေ့မှာကျရောက်မယ့် တရုတ်နှစ်သစ်ကူးနေ့အကြို ရန်ကုန်မြို့၊ လသာမြို့နယ်မှာရှိတဲ့ တရုတ်တန်းမှာ နှစ်ကူးပစ္စည်းဝယ်ယူသူများ၊ ဘုံကျောင်းမှာ ဝတ်ပြုဆုတောင်းသူတွေနဲ့ စည်ကားနေပါတယ်။
မြွေနှစ်အတွက် နှစ်သစ်ကူးဈေးပွဲတော်ကိုတော့ ရန်ကုန်က တရုတ်တန်းမှာ ဇန်နဝါရီလ ၂၅ ရက်ကနေ ၃၁ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။
ဒါကြောင့် ပွဲတော်အတွက် ပြင်ဆင်နေပုံတွေအပါအဝင် နှစ်ကူးအကြို တရုတ်တန်းမှာ ဒီကနေ့ ဇန်နဝါရီလ ၂၃ ရက်က မြင်ကွင်းတချို့ကို CJ Platform က ရိုက်ကူးဖော်ပြအပ်ပါတယ်။