ရန်ကုန်မှာ မီးအပြတ်များနေလို့ မီးတုတ်ကိုင်ပြီး ဆန္ဒထုတ်ဖော်

Author ကိုထားဝယ်
Categories
Published on May 22, 2024

ရန်ကုန်မြို့မှာ လျှပ်စစ်မီးမရသလောက် ဖြစ်နေတာကို မကျေနပ်လို့ မီးတုတ်တွေကိုင်ပြီး ဒီနေ့ မေ ၂၂ ရက်ညပိုင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

 

ရွှေပြည်သာသပိတ်ကော်မတီ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု (AJAY )တို့နဲ့အတူ ရန်ကုန်မြို့နေ တော်လှန်လူငယ်တွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

လျှပ်စစ်မီးများ ဆိုးဆိုးရွားရွား ပြတ်တောက်နေမှုအပါအဝင် စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်းဥပဒေကို ကန့်ကွက်ရှုံ့ချဆန့်ကျင်ကြောင်းနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန့်ကျင်ကြောင်း ကြွေးကြော်သံတွေနဲ့အတူ လုပ်ဆောင်ခဲ့တယ်လို့ ရွှေပြည်သာသပိတ်ကော်မတီဆီက သိရပါတယ်။

 

ဓာတ်ပုံ – ရွှေပြည်သာသပိတ်ကော်မတီ