တောင်ညိုစစ်ကြောင်း တပ်ခွဲ ၃ က ရဲဘော်တွေရဲ့ ပန်းသပိတ်

Author လဂွန်းအိမ်
Categories
Published on Jun 19, 2024

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ်ပြုလုပ်သော ပန်းသပိတ်မှာ NUG/MoD ရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က တောင်ညိုစစ်ကြောင်း တပ်ခွဲ ၃ မှ ရဲဘော်တွေလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

 

လူထုနဲ့အတူ တစ်သားတည်းရှိကာ အာဏာရှင်စနစ် ကျရှုံးပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်

ပြီးတဲ့အထိ ပြည်သူလူထုနဲ့တကွ လက်တွဲညီညီ တွန်းလှန်တိုက်ခိုက်သွားမယ့်အကြောင်း သစ္စာအဓိဌာန်ပြုပါတယ်လို့ အဲဒီစစ်ကြောင်းက ထုတ်ပြန်ပြောကြားပါတယ်။

 

ဒါ့အပြင် အရေးတော်ပုံအောင်မြင်ရမယ်ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ‘ငုံ့မခံဘဲ တုံ့ပြန့်မယ့် သံမဏိနှင်းဆီတွေ’ ဆိုတဲ့ကဗျာကို ရေးသားကာ လူထုနဲ့အတူ ပန်းသပိတ်ဆင်နွှဲခဲ့ပါတယ်။

 

ဓာတ်ပုံ – တောင်ညိုစစ်ကြောင်း တပ်ခွဲ ၃

Related News

Depend on news