မြန်မာမှာ လူသုံးများတဲ့ Viber App Play Store မှ ယာယီပြုတ်ကျ

Author ကိုထားဝယ်
Categories
Published on Jun 17, 2024

မြန်မာနိုင်ငံထဲ လူသုံးများတဲ့ လူမှုကွန်ရက် Application တစ်ခုဖြစ်တဲ့ Viber ဟာ App တွေရယူနိုင်တဲ့ Play Store မှ ယာယီပြုတ်ကျသွားတယ်လို့ အဲဒီလူမှုကွန်ရက်အသုံးပြုသူတွေဆီကနေ သိရပါတယ်။

 

ဒါနဲ့ပတ်သက်ပြီး Viber ဘက်ကလည်း ဒီနေ့ ဇွန် ၁၇ ရက် ညနေပိုင်းမှာ တရားဝင်သတင်းထုတ်ပြန်လာတာကို တွေ့ရပါတယ်။

 

အဲဒီထုတ်ပြန်ချက်ထဲ “Google Play မှာ နည်းပညာပိုင်းဆိုင်ရာ ပြဿနာကြောင့် Rakuten Viber ကို Play Store မှာ ယာယီ မရနိုင်ပါ” လို့ ဆိုပါတယ်။

 

ဒါကြောင့် လတ်တလော App ကို Download ရယူလိုသူတွေအနေနဲ့ Viber.com သို့မဟုတ် အခြား App Store တွေကနေ ရယူနိုင်တဲ့အကြောင်း သူတို့ရဲ့ တရားဝင် ဖေ့ဘွတ်ခ်လူမှုကွန်ရက်ကနေ Viber က ထုတ်ပြန်လာပါတယ်။

 

လတ်တလော Viber App ကို Play Store မှာ ဝင်ရောက်ရှာဖွေပါက မတွေ့ရှိတော့ပေမဲ့ အသုံးပြုရာမှာ အဆင်မပြေတာမျိုးမရှိဘူးလို့ ပြည်တွင်းက Viber အသုံးပြုနေသူတစ်ဦးက ပြောပါတယ်။

 

Viber App ကို ဒီနေ့မနက်ပိုင်းမှစတင်ပြီး Play Store မှာ ရှာဖွေလို့မရတော့တာဖြစ်ပါတယ်။

 

ဓာတ်ပုံ – Viber’s Facebook