ONE CHAMPIONSHIP အဖွင့်ပွဲစဉ်မှာ ဘရော်နီကာက အမှတ်နဲ့ရှုံးနိမ့်ခဲ့ပေမဲ့ ပြိုင်ဘက်ချီလီသူဘက်က လောင်းခဲ့တဲ့ ဘရော်နီကာရဲ့ မိခင်က ကျပ်ကိုးသောင်းအနိုင်ရ

ကယန်းတိုင်းရင်းသူ ဘရော်နီကာဟာ မနေ့ ဖေဖေါ်ဝါရီ ၁၄ရက်နေ့ ညပိုင်းမှာ ကျင်းပခဲ့တဲ့ ONE CHAMPIONSHIP အဖွဲ့ပွဲစဉ်မှာ ပြိုင်ဘက်ဖြစ်သူ ချီလီနိုင်ငံသူ ဖရန်ဆစ်ဆကာဗဲရာကို အမှတ်နဲ့ ရှုံးနိမ့်ခဲ့ရပေမဲ့ ဘရော်နီကာရဲ့ မိခင်ဖြစ်သူက ဗဲရာဘက်ကနေ လောင်းကြေးထပ်ခဲ့တာကြောင့် ကျပ်ကိုးသောင်း အနိုင်ရသွားခဲ့တယ်လို့ ဘရော်နီကာက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ ရေးသားထားပါတယ်။
“အော…ကျေးဇူးပဲ မေမေ။ ပြိုင်ဘက်ဖက်ကို ပါလို့။ ကိုးသောင်း ရတယ်ဆိုပဲ။ မျက်ရည်နှစ်စက်” လို့ ဘရော်နီကာက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ဘရော်နီကာရဲ့ ONE CHAMPIONSHIP အဖွင့်ပြိုင်ပွဲမှာ ပြိုင်ဘက် ဗီရာကို အကောင်းဆုံး ထိုးသတ်ခဲ့ပေမဲ့ ၃ချီထိုးသတ်အပြီးမှာ အမှတ်ပေးဒိုင်တွေရဲ့ ဆုံးဖြတ်ချက်အရ ဗဲရာကို အနိုင်ပေးခဲ့တာပဲဖြစ်ပါတယ်။
ONE CHAMPIONSHIP ကတော့ ပြိုင်ပွဲအပြီးမှာ ဘရော်နီနဲ့ ဗီရာကို အပိုဆုကြေးငွေ ဘတ်သုံးသိန်းခွဲစီ ပေးအပ်ခဲ့ပါတယ်။