Gender နှစ်ခုထဲသာ ရှိရမယ်လို့ ဒေါ်နယ်ထရမ့် ပြောကြားပြီးနောက် Google Calendar မှာ Pride Month ဖယ်ရှားခံရ

ကျား၊မ Gender နှစ်ခုထဲ ရှိရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပြောကြားလိုက်ပြီးနောက် Google Calendar ကနေ Pride Month ဖယ်ရှားခံလိုက်ရပါတယ်။
၁၉၉၉ ခုနှစ်မှာပဲ ဂေးတွေနဲ့ လက်စ်ဘီယမ်တွေရဲ့ အထိမ်းအမှတ်လအဖြစ် ဇွန်လကို တရားဝင်အသိအမှတ်ပြု ကြေညာခဲ့ပြီး နှစ်စဉ် လိင်တူလိင်ကွဲချစ်သူတွေဟာ ပါတီပွဲတွေ၊ ချီတက်ပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေကို ကျင်းပလေ့ရှိပါတယ်။
အမေရိကန်နိုင်ငံဟာ လိင်တူချစ်သူတွေကို တရားဝင် လက်ထပ်ခွင့် အသိမှတ်ပြုခဲ့တဲ့ နိုင်ငံဖြစ်ပေမယ့် သမ္မတဒေါ်နယ်ထရမ့်လက်ထက်မှာ အခုလို အငြင်းပွားဖွယ်ရာတွေ ဖြစ်ပေါ်လာတာပါ။
Google Calendar ကနေ ဖယ်ရှားခဲ့တာဟာ Pride Month တစ်ခုတင်မကဘဲ Black History Month, Indigenous Peoples’ Month, Holocaust Remembrance Day, Jewish Heritage Month, Hispanic Heritage Month တို့လည်း ပါဝင်နေပြီး အခုလို ဖယ်ရှားမှုဟာ အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီ စံချိန်စံနှုန်းတွေအပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်ပေါ်နေပါတယ်။
ဓာတ်ပုံ – LGBT Union Mandalay