အာဏာသိမ်း (၃)နှစ်ပြည့်မှာ အသံတိတ်သပိတ် ဆင်နွှဲနေသည့် ရန်ကုန်

စစ်ကောင်စီမှ အာဏာသိမ်းယူမှု (၃) နှစ်ပြည့်သည့် ယနေ့ ဖေဖေါ်ဝါရီ ၁ရက်နေ့တွင် ရန်ကုန်မြို့ရှိ နေရာအများစုတွင် အသံတိတ်သပိတ်အား ပြည်သူများမှ ဆင်နွှဲနေလျှက်ရှိနေသည်။
လူစည်ကားရာ နေရာများတွင် လူသွားလာမှုများ နည်းပါးနေလျှက်ရှိနေပြီး စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင်မူ လူစည်ကားနေကြောင်း စျေးများအတွင်း ဓာတ်ပုံများ ရိုက်ကူးကာ ဖြန့်ချိလျှက်ရှိနေသည်။
ဓာတ်ပုံ – ကိုထက် ၊ လင်းနွေဦး