အင်းတော်မြို့ မြောက်ဘက် တိုက်ပွဲတွင် မင်းအောင်လှိုင်မိသားစု၏ ကိုယ်ရံတော်ဟောင်း တပ်ရင်းမှူး အပါအ၀င် ၂၀ ဦးေ-သဆုံး

Author လင်းခိုင်
Categories
Published on Nov 19, 2022

 

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ မြောက်ဘက်၊ တောတွင်း တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တပ်ရင်းမှူးအပါအ၀င် ၂၀ ဦးေ-သဆုံးခဲ့ကြောင်း Indaw Revplution(IR) က ယနေ့တွင် ထုတ်ပြန်ထားသည်။

နို၀င်ဘာ ၁၈ ရက် တွင် စစ်ကောင်စီတပ် အင်အား ၁၅၀ ခန့်နှင့် KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ အကြား တစ်နေကုန်နီးပါး တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ တပ်ရင်းမှူးတစ်ဦး၊ နှစ်ပွင့်ဗိုလ်တစ်ဦးနှင့် အခြားအဆင့် တပ်သားများအပါအ၀င် ၂၀ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်မှ သေဆုံးခဲ့သည့် တပ်ရင်းမှူးတစ်ဦးကိုသာ နို၀င်ဘာ ၁၈ ရက် ညနေ ၄နာရီတွင် လေယာဉ်ဖြင့် မြစ်ကြီးနားဘက်သို့ သယ်ဆောင်သွားကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ တိုက်ပွဲ၌ KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ KIA ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်းလည်းသိရသည်။

စစ်ကောင်စီတပ်မှ သေဆုံးခဲ့သည့် တပ်ရင်းမှူးသည် ဟိုပင် တကွင်းမှ ထိန်းလင်းစံဆိုသူဖြစ်ပြီး၊ ယခင် တရုတ်နယ်စပ် ကန်ပိုင်တီတွင်း ဒုတင်ရင်းမှူးအဆင့်ရှိသူဖြစ်ကြောင်း၊ ထို့နောက် မင်းအောင်လှိုင် မိသားစုလုံခြုံရေး ကိုယ်ရံတော်အဖြစ် တာ၀န်ယူပြီးနောက်၊ တပ်ရင်းမှူးအဖြစ် အင်းတော်တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ဓာတ်ပုံ- Indaw Revplution(IR)

Website Link: https://cjplatform.com/

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #အင်းတော် #တောတွင်းတိုက်ပွဲ #တပ်ရင်းမှူး #ကိုယ်ရံတော်