သာမန်အနေအထား မရောက်သေးတာကြောင့် သက်တမ်းတိုးဦးမယ်လို့ စစ်ကောင်စီဆို

Author ခေတ်နီ၊YZ
Categories
Published on Feb 01, 2024

စစ်ကောင်စီမှ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ဇန်နဝါရီ ၃၁ရက်နေ့ နေ့လယ်ပိုင်းတွင် ခေါ်ယူခဲ့ပြီးနောက် အာဏာသိမ်းကာလအား ၆လ ထပ်မံ၍ သက်တမ်းတိုးကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

 

၂၀၀၈ ဖွဲ့စည်းပုံပါဥပဒေ ပုဒ်မ ၄၂၅ အရ နောက်ထပ် အာဏာသက်တမ်း ၆လ ထပ်တိုးကြောင်း ထုတ်ပြန်ထားပြီး တိုင်းရင်းသားနယ်မြေများတွင် တိုက်ခိုက်မှုများရှိနေခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့် အွန်လိုင်းလိမ်လည်(ကျားဖြန်)လုပ်ငန်းများရှိနေခြင်းနှင့် ပါတီစုံ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပြင်ဆင်ရန်နှင့် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ဆိုင်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သာမန်အနေအထား မရောက်သေးခြင်းကြောင့် သက်တမ်းတိုးရခြင်းဖြစ်ကြောင်း အကြောင်းပြသည်။

 

” ၆လ မကလို့ ၆နှစ်ပဲတိုးတိုး ကျွန်တော်တို့ကတော့ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်နေမှာပဲ ”ဟု တော်လှန်ရေး ရဲဘော်တစ်ဦးက မှတ်ချက်ပြုသည်။

 

စစ်ကောင်စီ အာဏာသိမ်းမှု သုံးနှစ်ပြည့်ချိန်တွင် အသံတိတ်သပိတ် နှင့် အဖြူရောင်သပိတ် ဆင်နွှဲကြရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တော်လှန်ရေးရဲဘော်များကလည်း ပြည်သူများကို တိုက်တွန်းနှိုးဆော်ထားသည်။

 

ဓာတ်ပုံ – pro-SCA