လောင်းကစားဒိုင်များအား အရေးယူမှုပြုလုပ်တော့မည်ဟု ဖယ်ခုံPDFသတိပေး

Author ခေတ်နီ
Categories
Published on Sep 19, 2022

ရှမ်း ကရင်နီနယ်စပ်က ဖယ်ခုံမြို့နယ်အတွင်းမှာ ဖွင့်လှစ်ပြုလုပ်နေသည့် လောင်းကစားဝိုင်းများနှင့် ဒိုင်များကို အရေးယူမှုများ ပြုလုပ်တော့မှာဖြစ်ကြောင်း ဖယ်ခုံPDF တပ်ရင်း၂က ယမန့် ညပိုင်းမှာ သတင်းထုတ်ပြန်ထားသည်။

ဖယ်ခုံမြို့နယ်အတွင်း လောင်းကစားဒိုင်များသည် ဘောလုံးပွဲ၊ချဲထီ၊၃၆ကောင်နှင့် ကြက်တိုက်လောင်းကစားခြင်း စသည့်လောင်းကစားခြင်း၊ ဒိုင်ကိုင်ခြင်းတို့ကို ပြုလုပ်နေပြီး ထိုသို့လောင်းကစားဝိုင်းများ မပြုလုပ်ကြရန် ဖယ်ခုံ PDFတပ်ရင်း ၂ က ပြီးခဲ့သည့်ဇွန်လ ၂၇ရက်နေ့က သတိပေးထုတ်ပြန်ထားသော်လည်း ထုတ်ပြန်ချက်ကို လိုက်နာခြင်းမရှိဘဲ လောင်းကစားဒိုင်ပြုလုပ်ခြင်းဖြင့် လောင်းကစားမှု့များကို ဆက်လက်ကျူးလွန်လျက်ရှိနေတာပဲ ဖြစ်သည်။

ထိုကဲ့သို့ လောင်းကစားဝိုင်များ ပြုလုပ်နေသည့် ဒိုင်များ၏ ဖုန်းနံပါတ်များကို တိုက်ရိုက်ခေါ်ဆိုကာ ဒုတိယအကြိမ် သတိပေးခြင်းများပြုလုပ်ခဲ့ပြီး ဆက်လက်၍ လောင်းကစားမှု့များကျူးလွန်နေပါက ထိရောက်သည့် အရေးယူမှု့များ လက်တွေ့လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဖယ်ခုံPDFတပ်ရင်း၂က သတိပေးထုတ်ပြန်ထားသည်။