လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ မိုင်းကျက်တပ်စခန်းကို ရှင်းလင်းသိမ်းပိုက်ခဲ့ပြီးနောက် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို TNLA ပြသ

Author အဂ္ဂ
Categories
Published on Nov 25, 2023

လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ မိုင်းကျက်တပ်စခန်းကို ယမန်နေ့ (နိုဝင်ဘာ ၂၄) နံနက် (၁၂) နာရီ (၅) မိနစ် အချိန်တွင် တအာင်းတပ်မတော် (TNLA) က ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ရှင်းလင်းရေး လုပ်ဆောင်ကာ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို ယနေ့တွင် တအာင်းတပ်မတော်(TNLA) က ထုတ်ပြန်ပြသခဲ့သည်။

မိုင်းကျက်တပ်စခန်းအတွင်းမှ စစ်ကောင်စီ၏ ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ (၇၈)လက်၊ ကျည်ပေါင်းများစွာ၊ ရန်သူအလောင်းမြုပ်နှံ့ထားသည့်နေရာ (၅၀)ကျော် နှင့် စစ်သုံးဆောင်ပစ္စည်းများစွာ ရှင်းလင်းသိမ်းဆည်းရမိပြီး ဖြစ်သည်ဟုလည်း ရေးသား‌ဖော်ပြထားသည်။

အဆိုပါ မိုင်းကျက်တပ်စခန်းကို တအာင်းတပ်မတော်  PSLF/TNLA က ၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ ၂၇ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး၊ သီတင်းပတ် (၄)ပတ်ကြာပြီးနောက် ယမန်နေ့ (နိုဝင်ဘာ ၂၄) နံနက် (၁၂) နာရီ (၅)မိနစ် အချိန်တွင် အလုံးစုံ သိမ်းပိုက်ရရှိခဲ့ပါသည်ဟုလည်း သိရသည်။

ထိုစခန်းသိမ်းတိုက်ပွဲအတွင်း  စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု Jet Fighter (၉၅)ကြိမ်၊ Y8/Y12 လေယာဥ် (၁၂)ကြိမ်၊ Mi35 (၁၅)ကြိမ်၊ Mi17 (၁၅)ကြိမ်ထက်မနည်း  အသုံးပြုတိုက်ခိုက်ကာ ပစ်ကူပေးခဲ့သည်ဟုလည်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ (၂၇) မှ ယနေ့ (နိုဝင်ဘာ ၂၅) အထိ (၂၉) ရက်တာအတွင်း စစ်ကောင်စီသည် ရှမ်းမြောက်တခွင်ရှိ မြို့(၇) မြို့နယ်နှင့် အခြေစိုက်တပ်စခန်းပေါင်း (၂၁၀) ကျော်ကို ညီနောင်မဟာမိတ်တပ်ဖွဲ့များထံ လက်လွှတ်ထားရသလို သံချပ်ကာကား၊ ဟောင်ဝှစ်ဇာအမြောက်များ အပါအဝင်  လက်နက်ခဲယမ်းအမြောက်များကို လက်လွှတ်ဆုံးရှုံးထားရပြီဖြစ်သည်။

Related News

Depend on news