ရဲအသွင်ယူပြီး အုပ်ချုပ်ရေးမှူးထံမှ လက်နက်များကို PDFသိမ်းဆည်း

Author ခေတ်နီ
Categories
Published on Dec 08, 2022

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးထံတွင်ရှိသည့် လက်နက်များကို ရဲတပ်ဖွဲ့ပုံစံဖြင့် ဝင်ရောက်၍ လက်နက်များသိမ်းယူနိုင်ခဲ့ကြောင်း Natogyi Regional Defence Force – NRDFအဖွဲ့ ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။

မြင်းခြံမြို့နယ်၊ ဗလုံကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ ဦးကျော်ဆွေထံမှ လက်နက်များကို NRDFတပ်ဖွဲ့ဝင်များမှ ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက် နေ့မှာ ရဲတပ်ဖွဲ့ပုံစံ အသွင်ယူပြီး သွားရောက်သိမ်းယူခဲ့တာပဲ ဖြစ်သည်။

“ရဲ ယူနီဖောင်းနဲ့ ရဲတပ်ဖွဲ့ အသွင်ယူပြီး ရွာထဲ ဝင်လိုက်တာဗျ ၊ ရွာအဝင်မှာလည်း ရွာ လုံခြုံရေးဆိုပြီး ဂိတ်စောင့်နေတဲ့ အမျိူသမီးတွေ ရှိတယ်၊ ကျော်ဆွေကပဲ ခိုင်းထားတာပါ ဘာမှ ထွေထွေထူးထူး မဖြစ်ခဲ့ဘူးဗျ၊ အသာလေး လက်နက် ယူပြီး ပြန်လာလိုက်တာ သေနတ် တစ်ချက်တောင် ဖောက်ခဲ့ခြင်း မရှိဘူးဗျဟု”NRDFအဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေထံမှ သိမ်းယူရရှိခဲ့သည့်အထဲမှာ MA-3 မောင်းပြန် တစ်လက် ၊ ရိုင်ဖယ်သေနတ် (၃)လက်နှင့် ကျည်အချို့ပါဝင်ပြီး ဖြစ်စဥ် ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဦးကျော်ဆွေအား မြင်းခြံ စစ်ကြောရေးသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာစစ်ကြောရေး၌ လက်နက်ပျောက်ဆုံးမှုဖြင့် စစ်ဆေးနေပြီး ဦးကျော်ဆွေအစား ဗလုံကျေးရွာအတွက် အုပ်ချုပ်ရေးမှူး အသစ် ထပ်မံရွေးချယ် ရန်စီစဥ်နေကြောင်းလဲ သိရသည်။
ဓာတ်ပုံ- NRDF
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မြင်းခြံမြို့ #အုပ်ချုပ်ရေးမှူး #PDF