မန္တလေး အိုးဘိုအကျဉ်းထောင် ထောင်၀င်စာ ပို့ခွင့် ရက်အကန့်အသတ်မရှိ ပိတ်ပင်

Author မွန်လေး
Categories
Published on Oct 19, 2022

မန္တလေးမြို့ရှိ အိုးဘို အကျဉ်းထောင် ထောင်၀င်စာ ပို့ခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း နိုင်ငံရေး အကျဉ်းသား အသိုင်းအဝိုင်းထံမှ သိရသည်။

“ထောင်၀င်စာ ပိတ်တယ်ဆိုပြီး ဒီနေ့ပြောတယ်။ ဘာအကြောင်းပြချက်မှ မပေးဘူး။ အခုလို ပိတ်လိုက်တော့ ထောင်ထဲက သူတွေအတွက် အခက်အခဲအများကြီးဖြစ်ကုန်ပြီ။ ခေတ်ပျက်ကြီးဆိုတော့ ဖြစ်ခြင်တိုင်းဖြစ်၊ လုပ်ခြင်တိုင်းကို လုပ်နေတယ်” ဟု အမည်မဖော်လိုသူ တစ်ဦးကပြောကြားသည်။

ယနေ့ နံနက် ၉နာရီ မိနစ် ၄၀ ခန့်တွင် အင်းစိန်မြို့နယ်၊ ရွာမအလယ်ရပ်ကွက်၊ အင်းစိန်ဗဟိုအကျဉ်းထောင်ဂိတ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထောင်၀န်ထမ်း သုံးဦးနှင့် အရပ်သားပြည်သူ ငါးဦးသေဆုံးခဲပြီး ၁၈ ဦးဒဏ်ရာရရှိခဲ့သည်။

ထို့ဖြစ်စဉ် ဖြစ်ပွားပြီးနောက် မန္တလေး အိုးဘိုးထောင်မှ ထောင်၀င်စာ ပို့ခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

Related News

Depend on news