နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာနေသူတစ်ဦးကို မသင်္ကာဟုဆိုကာ အကြောင်းမဲ့ ပ-စ်သ-တ်

Author ကိုပေါက်
Categories
Published on Oct 20, 2022

နွားထိုးကြီးမြို့နယ် မြင်းနီကျေးရွာတွင် ယနေ့ နေ့လယ် ၁နာရီဝန်းကျင်က စစ်ကောင်စီတပ်မှ လူငယ် တစ်ဦးကို မသင်္ကာဟုဆိုကာ ဖမ်းဆီးစစ်ဆေးပြီးနောက် ပစ်သတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“ရွာအရှေဘက်မှာနေတဲ့ ကိုထွန်းထွန်းကို လာရှာတာ မကြာဘူး သေနတ်သံကြားတယ် စစ်တပ်က ပြောတာက သူတို့ကို ရန်ပြုဖို့လုပ်တယ်ဆိုပြီး ပစ်လိုက် တာလို့ပြောတယ်၊ ဒါပေမဲ့ စဥ်းစားကြည့်ရင် သာမန် လူက လက်နက်အပြည့်အစုံပါတဲ့သူကို ရန်ပြုဖို့ဆိုတာ မဖြစ်နိူင်ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

မြင်းနီကျေးရွာ အရှေဖက်တွင်နေထိုင်သူ ကိုထွန်းထွန်း နေအိမ်အား စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးရာ ရုန်းရင်းဆန်ခတ်ဖြစ်၍ စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်ခတ်လိုက်တာဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက CJ Platform ကို ပြောသည်။

“စစ်တပ်က သူတို့ကို ဓားနဲ့ခုတ်လို့ ပစ်လိုက်တာလို့ ပြောပေမဲ့ ရွာက ဘယ်olမှလက်မခံဘူး စစ်တပ်က အလောင်းကိုယူသွားတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် လတွေကလည်း နွားထိုးကြီးမြို့နယ်မှာ နိူင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့်NLD ပါတီဝင်အချို့ကိုစစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် ဖြစ်စဥ် လည်း ရှိသည်။