တန့်ဆည်မှာ ရွာအပြင်ထွက်သည့် စစ်သားများ တိုက်ခိုက်ခံရ

Author ခေတ်နီ
Categories
Published on Sep 17, 2022

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်မှာ ကျေးရွာအပြင်ဘက်ထွက်လာသည့် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ Guerrilla Warfare-K.P.K တပ်ဖွဲ့မှ ယနေ့ စက်တင်ဘာလ ၁၇ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တန့်ဆယ်မြို့နယ်အတွင်းရှိ အင်္ကုက္ကားရွာမှ အောင်ချမ်းသာရွာဘက်သို့ စစ်ကြောင်းထွက်လာသော စစ်ကောင်စီတပ်သားများကို Guerrilla Warfare-K.P.K ၊TSR ၊ Taze Tiger၊ Nine Star၊ တပ်ရင်း (၈)၊ တပ်ရင်း(၆)၊ တပ်ရင်း (၁၀)၊ တပ်ရင်း(၁၆)၊ TCRLFPLA နှင့် PLA တပ်ဖွဲ့များမှ မိုင်း ၃လုံးခွဲပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုအပြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်သားများ အထိအခိုက်အသေအဆုံးမှုများနိုင်ကြောင်း Guerrilla Warfare-K.P.Kအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။