ဇူလိုင် ၂၃ရက်နေ့ရဲ့ နွေဦးမှတ်တမ်း

Author CJ Platform
Categories
Published on Jul 23, 2025

နွေဦးတော်လှန်ရေးကာလအတွင်း နေ့အလိုက် ဖြစ်ပျက်ခဲ့တဲ့ အမှတ်ရစရာ အဖြစ်အပျက်တွေကို ပြန်လည်ဖော်ပြပေးမယ့် နွေဦးမှတ်တမ်းဆိုတဲ့ အစီစဉ်ပဲ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း နေ့အလိုက်ဖြစ်ပျက်ခဲ့တဲ့ အမှတ်ရစရာ တိုက်ပွဲအခြေအနေတွေ၊ စစ်ကောင်စီကျူးလွန်ခဲ့တဲ့ အမှတ်ရစရာ စစ်ရာဇဝတ်မှု အဖြစ်အပျက်တွေနဲ့ အမှတ်ရစရာ တော်လှန်ရေး လှုပ်ရှာမှုတွေကို  CJ Platform က စုစည်း တင်ဆက် ပေးလိုက်ပါတယ်။

 

ဒီနေ့ကနေ့ ဇူလိုင် ၂၃ ဟာဆိုရင် ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် တို့ကို စစ်ကောင်စီက ထောင်တွင်းလူသတ်မှုကျူးလွန်ခဲ့တဲ့ တရားမဲ့ ကြိုးပေးသတ်ဖြတ်ခဲ့မှုဟာ ၃ နှစ်မြောက်ပြည့်တဲ့နေ့ပဲ ဖြစ်ပါတယ်။ မိသားစုဝင်တွေကို အကြောင်းကြားခြင်းမရှိဘဲ ၂၀၂၂ ဇူလိုင် ၂၃ ရက်မှာ စစ်ကောင်စီက လျှို့ဝှက် ကွပ်မျက်ခဲ့တာဖြစ်ပြီး ၂၀၂၂ ဇူလိုင် ၂၅ ရက်တွင်မှ စစ်ကောင်စီဝါဒဖြန့် သတင်းစာတွေမှာ မထင်မရှား သတင်းထုတ်ပြန်ခဲ့တာပါ။

 

တိုက်ပွဲတွေမှာဆိုရင် ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင် ၂၃  မှာ တိုက်ပွဲ ၂ ခု၊  ၂၀၂၂ မှာ ဇူလိုင် ၂၃ တိုက်ပွဲ ၁၁ ခု၊ ၂၀၂၃ ဇူလိုင် ၂၃  မှာ တိုက်ပွဲ ၁၅ ခု နဲ့ ၂၀၂၄ ဇူလိုင်မှာ ၂၃ တိုက်ပွဲ ၂၁ ခုဖြစ်ပွားခဲ့တာကိုတွေ့ရပါတယ်။

ထူးခြားတဲ့အဖြစ်အပျက်အနေနဲ့ ပြီးခဲ့တဲ့နှစ်က လာရှိုးမြို့သိမ်းတိုက်ပွဲမှာ MNDAA နဲ့ ပူးပေါင်းတပ်တွေဟာ ခလရ (၆၈) ကိုသိမ်းပိုက်နိုင်ခဲ့ပြီး လူ၊ လက်နက် နဲ့ အလောင်းတွေ ရရှိခဲ့ပါတယ်။

 

စစ်ရာဇဝတ်မှာဆိုရင်လည်း အရပ်သား သတ်ဖြတ်ခံရတာနဲ့ နေအိမ်မီးရှို့ခံရတာတွေဖြစ်ပွားခဲ့ပြီး အရပ်သားသတ်ဖြတ်ခံရတာဟာ ပြီးခဲ့တဲ့ ၂၀၂၂  ဇူလိုင် ၂၃ မှာ ၁၁ ဦးနဲ့ ၂၀၂၃ ဇူလိုင် ၂၃ မှာ ၅ ဦး နဲ့ ၂၀၂၄ ဇူလိုင် ၂၃ မှာ ၁၉ ဦးဖြစ်ပါတယ်။ မီးရှို့ခဲ့တဲ့ အိမ်ခြေဟာလည်း ပြီးခဲ့တဲ့  ၂၀၂၂ ဇူလိုင် ၂၃ မှာ နေအိမ် ၈၇လုံး နဲ့ ၂၀၂၃ ဇူလိုင် ၂၃မှာ နေအိမ် ၉ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

ထူးခြားမှုအနေနဲ့ ၂၀၂၁ ဇူလိုင် ၂၃ မှာ အင်းစိန်ထောင် အမျိုးသမီးအဆောင် နှစ်ဆောင်မှာ COVID-19 ရောဂါ အခြေအနေဆိုးရွားနေသော်လည်း အကျဉ်းသားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု‌တွေကို လျစ်လျူရှုထားတာကြောင့် ထောင်တွင်းဆန္ဒပြပွဲဖြစ်ပွားခဲ့ပြီး ထောင်အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။

 

 

Related News

Depend on news